မိုင်းဖုန်းဆရာတော် နမ့်စန် နဲ့ လွိုင်လင်စေတီတော်တွေ ထီးတော်တင်ပြီးရင် တောင်ကြီးကို ကြွမယ်
မဲခေါင်၊ ဇန်နဝါရီ ၁၃
မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရဟာ လွိုင်လင်စေတီတော်တွေ ထီးတော်တင်ပြီးရင် ဇန်နဝါရီ ၁၆ ရက်မှာ လွိုင်လင်မှာရှိတဲ့ စေတီကို ထီးတော်တင်လှူပြီးရင် တောင်ကြီးကို ကြွမယ်လို့ သိရပါတယ်။
မနေ့ (ဇန်နဝါရီ ၁၂)က မိုင်းဆတ်မှစေတီတော် ထီးတော်တင်လှူပြီးနောက် မိုင်းတုံကို ကြွချီကာ ဒေသခံတွေကို တရားဟောခဲ့ပြီး ဒီနေ့ (ဇန်နဝါရီ ၁၃) မနက် ၉ နာရီခွဲမှာ မိုင်းတုံကနေ သံလွင်ကိုဖြတ်ကာ မိုင်းပန်ဘက် ခရီးဆက်သွားပါတယ်။
မိုင်းပန်၊ လင်းခေး၊ မိုးနဲကနေ ပန်လင်းဆိုင်က စေတီတော် ထီးတော် တင်လှူသွားမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှာ လွိုင်လင်က စေတီတော် ထီးတော်တင်လှူအပြီးမှာ တောင်ကြီး၊ ညောင်ရွှေဘက် ကြွမြန်းဖို့ ရှိတယ်လို့ ဆရာတော်ရဲ့ခရီးစဉ်မှာ အတူလိုက်ပါနေတဲ့ ဥပသကာတွေထံက သိရပါတယ်။
ဆရာတော်ရဲ့ယာဉ်တန်းမှာ ဆရာတော်ကို အထောက်အပံ့ပြု သံဃာတော်တွေနဲ့ ဥပသကာ၊ ဥပါရိက အကူ ယာဉ်ပေါင်း ၅၀ နီးပါးပါရှိပါတယ်။
MK-012
#MeKongNews









