အာစီယံဒေသတွင်း

Vape နဲ့ဆက်စပ်တဲ့အဆုတ်ရောဂါဖြစ်ပွားမှု ထိုင်းမှာပထမဆုံးအတည်ပြုနိုင်

မဲခေါင် 12 Nov - 2022
Vape သောက်တာနဲ့ဆက်စပ်ပြီး အဆုတ်ဒဏ်ရာရမှု(Evali)အတည်ပြုလူနာတယောက် ပထမဆုံးတွေ့ရှိခဲ့တယ်လို့ မဟီဒေါတက္ကသိုလ်၊ ရာမသီဘိုဒီဆေးရုံ ကိုယ်တွင်းအင်္ဂါဌာနအကြီးအကဲ ဝီနိုင်း ဝါနာနူကူး ကပြောပါတယ်။ လူနာဟာ အမျိုးသားရုံးဝန်ထမ်း ၁ ယောက်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာသူကပြောတာပါ။ အလားတူဖြစ်ပွားမှုတွေတွေ့ဖူးပေမဲ့ အခုလူနာက ပထမဆုံးတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့လမှာ အော့အန်တာနဲ့ အသက်ရှုကြပ်တာတွေကြောင့် အသက် ၂၀ နဲ့ ၃၀ ကြားရှိတဲ့လူနာက ဆေးရုံတက်ရောက်ခဲ့တယ်လို့ ရာမသီဘိုဒီဆေးရုံက တာနန်ချိုင်း ပတ်နက်ကပြောပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်က ဆေးလိပ်ဖြတ်ခဲ့တဲ့လူနာဟာ မိတ်ဆွေတွေရဲ့ညွှန်းဆိုမှုကြောင့် Vape ပြောင်းလဲအသုံးပြုခဲ့ပြီး ၆ လဆက်တိုက် Vape သောက်ခဲ့တယ်လို့ ဒေါက်တာ တာနန်ချိုင်းကပြောပါတယ်။ အီလက်ထရောနစ်စီးကရက်တွေထဲမှာပါတဲ့ဆီတွေကို ဖယ်ထုတ်ဖို့ အဆုတ်က ပိုအလုပ်လုပ်ရတယ်ဆိုပြီး မဟီဒေါတက္ကသိုလ်၊ ရာမသီဘိုဒီဆေးရုံ

Vape သောက်တာနဲ့ဆက်စပ်ပြီး အဆုတ်ဒဏ်ရာရမှု(Evali)အတည်ပြုလူနာတယောက် ပထမဆုံးတွေ့ရှိခဲ့တယ်လို့ မဟီဒေါတက္ကသိုလ်၊ ရာမသီဘိုဒီဆေးရုံ ကိုယ်တွင်းအင်္ဂါဌာနအကြီးအကဲ ဝီနိုင်း ဝါနာနူကူး ကပြောပါတယ်။

လူနာဟာ အမျိုးသားရုံးဝန်ထမ်း ၁ ယောက်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာသူကပြောတာပါ။

အလားတူဖြစ်ပွားမှုတွေတွေ့ဖူးပေမဲ့ အခုလူနာက ပထမဆုံးတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လမှာ အော့အန်တာနဲ့ အသက်ရှုကြပ်တာတွေကြောင့် အသက် ၂၀ နဲ့ ၃၀ ကြားရှိတဲ့လူနာက ဆေးရုံတက်ရောက်ခဲ့တယ်လို့ ရာမသီဘိုဒီဆေးရုံက တာနန်ချိုင်း ပတ်နက်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်က ဆေးလိပ်ဖြတ်ခဲ့တဲ့လူနာဟာ မိတ်ဆွေတွေရဲ့ညွှန်းဆိုမှုကြောင့် Vape ပြောင်းလဲအသုံးပြုခဲ့ပြီး ၆ လဆက်တိုက် Vape သောက်ခဲ့တယ်လို့ ဒေါက်တာ တာနန်ချိုင်းကပြောပါတယ်။

အီလက်ထရောနစ်စီးကရက်တွေထဲမှာပါတဲ့ဆီတွေကို ဖယ်ထုတ်ဖို့ အဆုတ်က ပိုအလုပ်လုပ်ရတယ်ဆိုပြီး မဟီဒေါတက္ကသိုလ်၊ ရာမသီဘိုဒီဆေးရုံ အသက်ရှူလမ်းကြောင်းနှင့်နာတာရှည်အဆုတ်ရောဂါကုသရေးဌာနအကြီးအကဲ နာပါရတ် အမွန်ပွတ်သီဆာသပွန်က ပြောပါတယ်။

ရောဂါဖြစ်တာဟာ ဆေးရည်တွေထဲမှာထည့်သွင်းထားပြီး ခွင့်ပြုချက်မရှိတဲ့စွဲလမ်းစေတဲ့ပစ္စည်းတွေကြောင့်လို့ Vape ဆေးရည်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကပြောထားပေမဲ့ ရောနှောထားခြင်းမရှိတဲ့ဆေးရည်တွေအသုံးပြုပြီး Vape သောက်သူတွေလည်း Evali တွေဖြစ်နိုင်တယ်လို့ လေ့လာချက်အများအပြားမှာဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ် သန်း ၈၀ မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now