မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မှာ ရွှေခေါင်းလောင်း ခရစ်ယာန်သင်းအုပ်ဆရာ ဆိုသူကို စက်တင်ဘာ ၁ ရက် ညပိုင်းက ဖမ်းဆီးပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁ရက် ညပိုင်းက လူမူကွန်ရက်တွေမှာ ဘာသာရေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားမှုတွေကြောင့် လူသိများလာတဲ့ ရွှေခေါင်းလောင်းဆရာကို တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွှေခေါင်းလောင်းဆရာဆိုသူဟာ လူမူကွန်ယက်ကနေ ခရစ်ယာန်ဘာသာအပေါ်မြင်တဲ့အမြင်တွေကို ဗုဒ္ဓဘာသာနဲ့ နှိုင်းယှဉ်ပြီး အမြဲဝေဖန်ပြောဆိုမူတွေကြောင့် လူမူကွန်ယက်မှာ ဝေဖန်မူ အများအပြားခံနေရသူတစ်ဦး ဖြစ်ပါတယ်။
ရှမ်းမြောက် စစ်ဖြစ်ရတာ ဗုဒ္ဓဘာသာက ရုပ်တုတွေကိုးကွယ်လို့၊ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက ပြုစားလို့ဆိုပြီး FB ပေါ်ကိုရုပ်သံ လွှင့်တင်ထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ သူလက်ရှိနေထိုင်နေတဲ့ တာချီလိတ်မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမူတွေနဲ့ပတ်သက်ပြီး တာချီလိတ်စည်ပင်ကို အသုံးမကျဘူးဟု ဝေဖန်မူတွေပြုလုပ်ထားတဲ့ ရုပ်သံ ကို TikTok လူမူကွန်ယက်မှာတင်ထားပါသေးတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလဲ မော်စီတုံးပုံပါတဲ့ တရုတ်ယွမ်ငွေမှာ မကောင်းဆိုးဝါး ပူးကပ်နေတယ်ဆိုပြီး ယွမ်ငွေစက္ကူအချို့ကို မီးရှို့ခဲ့လို့ တရုတ်အစိုးရက နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ ကျိုင်းတုံမြို့နယ် ၊ကန်နားလုံရွာဇာတိဖြစ်ပြီး ရှမ်းပြည်ခရစ်ယာန်အသိုင်းအဝိုင်းမှာ သူ့နောက်လိုက်အများအပြားနဲ့ မူးယစ်ဆေးစွဲတွေ၊ မိဘမဲ့ကလေးတွေကို ကူညီစောက့်ရှောက်ထားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလဲ စစ်ကောင်စီဌာနတွေက လူကုန်ကူးမှု သံသယနဲ့စစ်ဆေးခဲ့ဘူးပြီး ယခု ထပ်မံဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
MK-012









