မဲခေါင် ဩဂုတ် ၁၁
ရွှေတြိဂံ ၊ လာအို ကာစီနို အထူးစီးပွားရေးဇုန်အတွင်းက ကျားဖြဲန်ငွေလိမ်ဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့တွေ ဩဂုတ်လ ပထမပါတ်အတွင်း ဝင်ဖမ်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်အစိုးရအလိုရှိနေတဲ့ တရားခံပြေး ၉ ယောက်အပါအဝင် လူ ၂၉ ယောက်ကို တရုတ်ရဲတပ်ဖွဲ့နဲ့ လာအိုရဲပူးပေါင်းပြီး ဝင်ဖမ်းခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ ကျားဖြဲန်ငွေလိမ်ဂိုဏ်းအဖွဲ့ဝင်တွေကို တရုတ်ရဲတပ်ဖွဲ့က ဩဂုတ် ၃ ရက်နေ့မှာ မဲခေါင်မြစ်ကြောင်းအတိုင်း တရုတ်နိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
လာအိုနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ ငွေလိမ်ဂိုဏ်းအဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့မှာ အဖမ်းခံရပြီး အာဏာပိုင်တွေကို ငွေပေးပြီး ပြန်လည်လွှတ်ပေးလိုက်တဲ့လူတွေပါ။
ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ရွှေတြိဂံဧရိယာအတွင်းက ကျားဖြဲန်တရုတ်ငွေလိမ်ဂိုဏ်းတွေကို သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေနဲ့ တရုတ်အစိုးရပူးပေါင်းပြီး ဖမ်းဆီးနေတာကြောင့် ကမ္ဘောဒီယားနိုင်ငံဘက် အလုံးအရင်းထွက်ပြေးကုန်တယ်လို့ သိရပါတယ်။
MK-002








