မဲခေါင်၊ သြဂုတ် ၅
ရှမ်းအရှေ့၊ မိုင်းလားမှာ ရက်ရှည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ စိုက်ပျိုးမြေနဲ့ နေအိမ်တွေ ပျက်စီးတာတွေ ရှိနေတယ်လို့ NDAA အထူးဒေသ-၄ က ထုတ်ပြန်ပါတယ်။
ရက်ရှည် မိုးသည်းထန်စွာရွာသွန်းလို့ ဒေသအတွင်းက မြစ်ချောင်း၊ အင်း၊ အိုင်တွေ ရေချိန်မြင့်တက်လာကာ အထူးသဖြင့် နမ့်ပန်းခရိုင်က နမ့်လွေချောင်းရေ လျင်မြန်စွာ မြင့်တက်လာလို့ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေ ၊ နေအိမ်တွေ ပျက်စီးခဲ့ရသလို တောင်ပြို၊ မြေပြိုမှုတွေကြောင့် လမ်းပန်းသွားလာရေးတွေ ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
အထူးဒေသ-၄ ဟာ အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး မိုးဆက်တိုက်ရွာသွန်းလို့ တောင်ပြိုတာ၊ လမ်းချော်တာ၊ ဆိုးရွားစွာရေဝပ်တာ၊ သစ်ပင်တွေ ကျိုးကျတာတွေ ဖြစ်ပေါ်ခဲ့လို့ မိုးအဆက်မပြတ် ရွာသွန်းနေချိန် ဖြစ်ပေါ်နိုင်တဲ့ မိုးကြိုးအန္တရာယ်၊ လျှပ်ကူးအန္တရာယ်တွေကိုပါ အထူးသတိပြုပြီးကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။
MK-012











