ငြိမ်းချမ်းရေးသတင်း

ရှမ်းတပ်နှစ်ဖွဲ့ရဲ့ သဘောတူညီချက်အရ RCSS နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို SSPP ပြန်လွှတ်

မဲခေါင် 21 Dec - 2023
နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုရဲ့ သဘောတူညီချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၂၁

နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုရဲ့ သဘောတူညီချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းတပ် ၂ ခု စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့အနေနဲ့ နှစ်ဖွဲ့ရေးထိုးထားတဲ့ သဘောတူညီချက်အရ တိုက်ပွဲအတွင်းက ဖမ်းမိထားတဲ့သူတွေကို ပြစ်ဒဏ်မှ လျော့ပေါ့လွတ်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SSPP က ဖမ်းဆီးထားတဲ့ RCSS နဲ့ ဆက်နွယ်သူ ၅ ဦးကို အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းဆုက SSPP ကိုယ်စား ဒီကနေ့မှာ ပြစ်ဒဏ်မှ လွတ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီလွတ်ပေးလိုက်တဲ့သူတွေကိုလည်း ရှမ်းတပ် ၂ ဖွဲ့ရဲ့ အပစ်ခတ်ရပ်စဲရေးအကြောင်းကို ရှင်းပြခဲ့တယ်လို့ SSPP ကဆိုပါတယ်။

ဒါ့အပြင် RCSS နဲ့ SSPP ကြား အပစ်ခတ်ရပ်စဲမှု သဘောတူညီချက်အရ သဘောညီထားတဲ့ အချက် ၉ ချက်ကိုလည်း ရှင်းပြခဲ့ပြီး ပြစ်ဒဏ်မှုလွတ်မြောက်လာသူတွေအတွက် လမ်းခရီးစရိတ်ကိုပါ ထုတ်ပေးခဲ့တယ်လို့ SSPP ကဆိုပါတယ်။

RCCSS နဲ့ SSPP အဖွဲ့တို့ရဲ့ နှစ်ဖက်တပ်ဖွဲ့များ အပစ်ခတ်အရပ်စဲရေး သဘောတူညီမှု အချက် ၉ ချက်အနက် ဖမ်းဆီးထားတဲ့ နှစ်ဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို ပြန်လွတ်ပေးရေးဟာလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

ဒီကနေ့ SSPP မှ ပြန်လွတ်ပေးလိုက်တဲ့ RCSS နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးမှာ စိုင်းဖြူ ၃၃ နှစ်၊ စိုင်းမိုင် ၃၃ နှစ်၊ စိုင်းမိန်း ၃၂၊ စိုင်းစု ၄၆ နှစ် နဲ့ စိုင်းဆိုင်ဖ ၂၈ နှစ်တို့ဖြစ်တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

CJ-002

#MeKongNews

#RCSS

#SSPP

#အပစ်ရပ်

#ပြန်လွှတ်

#သဘောတူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now