မဲခေါင်၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ် ၁ ဦးဟာ ကျည်ဆန်တွေ၊ လက်ထိပ်နဲ့ ဆိုင်ကယ် ၁ စီးယူလာပြီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ထံ ဒီဇင်ဘာ ၂ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကနီပြည်သူ့ဆေးရုံ ငှက်ဖျားဌာနမှ ဝန်ထမ်း ၁ ဦးဟာလည်း ဒီဇင်ဘာ ၅ ရက်နေ့မှာ လူနာတင်ကား ၁ စီးနဲ့အတူ CDM ပြုလုပ်လာတယ်လို့ ADPRA က မနေ့ ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာသူတွေကို ကောင်းမွန်စွာလက်ခံကြိုဆိုပြီး ဆုငွေတွေပေးကာ သူတို့ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ထပ်မံအလင်းဝင်ရောက်လာမယ့် သူတွေကိုလည်း ကြိုဆိုနေမှာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ချလျှင်တော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမှာ ဖြစ်တယ်လို့ ADPRA က အသိပေးထားပါတယ်။
ADPRA ထံကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးနဲ့ ပြည်သူ့စစ် ၁ ဦးတို့ဟာလည်း နိုဝင်ဘာလအတွင်းမှာ အလင်းဝင်ရောက်ခဲ့ပြီး လက်နက်ပါယူဆောင်လာသူတွေကို သိန်း ၃၀ အထိ ချီးမြှင့်ခဲ့ပါသေးတယ်။
#MeKongNews
#ADPRA
#ကနီ
#ရဲဒုတပ်ကြပ်
#CDM
#လူနာတင်ကား