ဒေသတွင်းသတင်း

သီပေါမှာ စစ်တပ် အကာအကွယ်နဲ့ ငွေရည်ပုလဲကုမ္ပဏီ ကျောက်မီးသွေး တူးဖော်နေလို့ ရေဝေဒေသ ပျက်စီး

မဲခေါင် 29 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အကာအကွယ်နဲ့ ငွေရည်ပုလဲ ကုမ္ပဏီ ကျောက်မီးသွေး တူးဖော်နေတာကြောင့် ရေဝေဒေသတွေ ပျက်စီးနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF က မနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်‌ပြန်လိုက်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အကာအကွယ်နဲ့ ငွေရည်ပုလဲ ကုမ္ပဏီ ကျောက်မီးသွေး တူးဖော်နေတာကြောင့် ရေဝေဒေသတွေ ပျက်စီးနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF က မနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်‌ပြန်လိုက်ပါတယ်။

သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုက ဒေသခံ ပြည်သူ ၃,၀၀၀ ကျော်ရဲ့ ရေအရင်းအမြစ်ဒေသ ဖြစ်သလို လယ်ဧက ရာနဲ့ချီ ရေရရှိရာ ဒေသဖြစ်တဲ့ ဟိုနားဖ ရေဝေတောအုပ်မှာ ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်နေတာလို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဥပဒေ ကင်းမဲ့လာတာကို အခွင့်ကောင်းယူပြီး အဆိုပါ ကုမ္ပဏီဟာ ဟိုနားဖ ရေဝေဒေသမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စတင် စမ်းသပ် တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် စက်တင်ဘာ ၅ ရက်မှာတော့ နမ္မဒေသခံ ၂၅၀ ကျော်ကို အစည်းအဝေးခေါ်ကာ နမ္မဒေသ လယ်မြေဧက ၂၇၉၆ ဒသမ ၇၅ မှာ ကျောက်မီးသွေး တူးဖော်ခွင့်ကို စစ်ကောင်စီ ၅ နှစ် ခွင့်ပြုပြီး ဖြစ်တာကြောင့် ဒေသခံတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက် တူးဖော်သွား ဆိုပြီး ငွေရည်ပုလဲကုမ္ပဏီက အသိပေးသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာတော့ ငွေရည်ပုလဲကုမ္ပဏီ ကိုယ်စားလှယ် ရောက်ရှိလာပြီး ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အတွက် ငွေကျပ်သိန်း ၂၅၀ ပေးခဲ့ရာ လယ်ပိုင်ရှ င်တစ်ဦးကို ငွေကျပ် ၃ သိန်းသာ ရရှိခဲ့ပြီး ကျန်ရွာသားတွေ ကတော့ ငွေကျပ် ၅ သောင်းခန့်သာ ရရှိခဲ့တယ်လို့ SHRF ကပြောပါတယ်။

ငွေရည်ပုလဲကုမ္ပဏီဟာ နမ္မဒေသမှာ ၂၀၀၄ ခုနှစ်ကတည်းက စစ်ကောင်စီနဲ့ အကျိုးတူ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိ တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်းဟာ ၄ ကြိမ်မြောက် တူးဖော်တဲ့တွင်း ဖြစ်တယ်လို့ သိရပါတယ်။

ဟိုနားဖ ရေဝေဒေသမှာ ၂၀၂၁ ခုနှစ် ငွေရည်ပုလဲကုမ္ပဏီ ကျောက်မီးသွေး စမ်းသပ်တူးဖော်စဥ် အနီးက လယ်မြေတွေ ပျက်စီးခဲ့တဲ့အပြင် ရေထွက်ပေါက်တွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတွေက ကျောက်မီးသွေး တူးဖော်မှု ရပ်တန့် စေလိုနေကြတာ ဖြစ်ပါတယ်။

ယခုနှစ် အ‌စောပိုင်းမှာလည်း သီပေါမြို့နယ်မှာ လုပ်ရှားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ကို ဒေသခံတွေက အကူအညီတောင်းခဲ့ပြီး ငွေရည်ပုလဲကုမ္ပဏီ ထုတ်ကုန်တွေဖြစ်တဲ့ Crown ဘိလပ်မြေနဲ့ ဆင်းရွှေလီ သကြား စတဲ့ ထုတ်ကုန်တွေ သပိတ်မှောက်ကြဖို့ သီပေါမြို့နယ်က လူငယ်တွေ တောင်းဆိုထားပါတယ်။

MK-007

#MeKongNews

#သီပေါ

#ငွေရည်ပုလဲ_ကုမ္ပဏီ

#ကျောက်မီးသွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now