မဲခေါင်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မော်ထိုက်ရွာ အနီးက စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ၁၅ ရက်က MNDAA ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဟောင်ဝှစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ကိုးကန့် ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မော်ထိုင်ဒေသ၊ မော်ထိုက်ကျေးရွာ အနီးက စစ်စခန်းတွေနဲ့ ဟုန်အိုင်-မော်ထိုက် ကြားစခန်းတွေကို နိုဝင်ဘာ ၁၅ ရက်မှာ MNDAA ကသိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေ အတွင်း ဟောင်ဝှစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ငယ်တွေ၊ လက်နက်ကြီးကျည် တွေနဲ့ ခဲယမ်း သေတ္တာတွေ ရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားပြီး စစ်ကားတွေနဲ့ လက်နက် တစ်ချို့ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မြို့ ၅ မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅၀ ကျော် သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK-007
#MekongNews
#မော်ထိုက်
#ဟောင်၀ှစ်ဇာ
#MNDAA












