မဲခေါင်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့ကို စစ်ကူလာတဲ့ စစ်ယာဥ်တန်းကို မနေ့က ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား တစ်ဦး အရှင်ဖမ်းမိပြီး သေနတ် ၂ လက် ရခဲ့တယ်လို့ TNLA က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ထွက်ခွါလာတဲ့ စစ်ယာဥ်တန်းကို သိန္နီ ၁၂ မိုင်မှာ မနေ့ည ၇ နာရီခန့်က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးနဲ့ လက်နက် ၂ လက် ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း နမ့်ခန်းမြို့ အနီးရှိ စစ်တပ် စခန်းသစ်ကုန်းကို TNLA က စတင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်ကနေ စတင်ပြီး လက်ရှိအချိန်ထိ ပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး အတွင်း မြို့ ၅ မြို့နဲ့ စစ်တပ်စခန်း၊ ပြည်သူ့စစ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းယူထားနိုင်ပြီလို့ ညီနောင် ၃ ဖွဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ညီနောင် မဟာမိတ် ၃ ဖွဲ့အပြင် BPLA၊ MDY PDF တို့လည်း ပါဝင်တိုက်ခိုက် နေတာ ဖြစ်ပါတယ်။
Mk-007
#MekongNews
#သန္နီ
#TNL
#ညီနောင်_မဟာမိတ်








