အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

မဲခေါင် 29 Jan - 2023
အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။ 

စနေနေ့မနက် ၃ နာရီလောက်မှာ တိုင်ကြားချက်ကြောင့် ရဲတွေက တည်းခိုခန်းရောက်ချိန်မှာ တည်းခိုခန်းပိုင်ရှင်၊ အသက် ၄၂ နှစ်အရွယ် သာနာပီဆစ် သာနာရက်ပီဝတ်ကို ကြောက်လန့်တကြားဖြစ်နေတာတွေ့ရတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ 

အမျိုးသားဧည့်သည် တစ်ယောက်က အခန်းငှားဖို့ သူ့ကိုလာပြောပြီး သူက အခန်းခတောင်းချိန်မှာ ပိုက်ဆံမပါလာဘူးလို့ပြောပြီး သေနတ်ဆွဲထုတ်ခြိမ်းခြောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ဖုံးကွယ်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ သာနာပီဆစ်ကပြောပါတယ်။ 

အခန်းတခန်းထဲမှာပုန်းနေတဲ့ အသက် ၃၁ နှစ်အရွယ် မန်ကောင် ရာနာတာဗီဂျစ်ကို ရဲတွေက လက်နက်ချဖို့ ဖျောင်းဖျခဲ့ပေမဲ့ မောက်မောက်မာမာတုန့်ပြန်ပြီး ပွိုင့်၃၈ ပစ္စတိုနဲ့ပြန်လည်ခြိမ်းခြောက်တဲ့အတွက် ရဲတွေက ရှော့တိုက်ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ရှောင်ပြေးနိုင်ခဲ့ပြီး ရဲတွေကို သေနတ်နဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ ရဲတပ်ကြပ်ကြီး ဆက်ဆစ်ပွတ်တာ ကျည်ထိမှန်ဒဏ်ရာရခဲ့လို့ ရဲတွေက မန်ကောင်ရဲ့ခြေထောက်ကိုသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ 

မန်ကောင့်ကို ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းသာမက မက်သာဖက်တမင်းမူးယစ်ဆေးဝါး ၂၀၀ ကိုလည်းတွေ့ရှိခဲ့ပြီး သူ့သေနတ်ကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားပါတယ်။

သူ့ကို ကလာအန်းဆေးရုံမှာကုသမှုပေးထားပြီး ဆေးရုံကဆင်းတာနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ရဲတွေကပြောပါတယ်။ 

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်ဟာလည်း စိုးရိမ်ရတဲ့အခြေအနေမှာမရှိဘူးလို့ ရဲတွေက အသိပေးပါတယ်။ 

Source – Bangkok Post 

#ဥက္ကာ #MeKongNews

Photo – Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now