ထိုင်းတောင်ပိုင်းမှာ ချောင်းပစ်ခံရသဖြင့် ရဲအရာရှိ နှစ်ဦး သေဆုံး
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှုများရှိနေခဲ့သော ထိုင်းတောင်ပိုင်း ပက်တာနီခရိုင် ဖေဖော်ဝါရီ ၁၉ ရက် ညည့်နက်ပိုင်း ကင်းလှည့်နေစဉ် ခြုံခိုတိုက်ခိုက်ခံရသောကြောင့် ထိုင်း ရဲ အရာရှိနှစ်ဦး အခင်းဖြစ်ရာနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အစ္စလာမ်ဘာသာဝင်အများစု နေထိုင်သော အဆိုပါ ဒေသတွင် မကြာခဏ ရဲနှင့် စစ်သားများကို လုပ်ကြံ ပစ်ခတ်၊ ဗုံးခွဲမှုများရှိနေခဲ့ပြီး ယခုဖြစ်စဉ်၌ ယာရန်းရဲစခန်းမှာ ရဲမှူးအဆင့်ရှိ Decho Kheowkaew နှင့် ရဲတပ်ကြပ် Songchai Chantharaphap တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဒေသခံများ၏ပြောဆိုမှုအရ သေနတ်သံ ၅ ချက်မှ ၁၀ ချက်အတွင်း ကြားခဲ့ရပြီး ညည့်သန်းခေါင် ရောက်ကာနီး ၁၁ နာရီ ၂၅ မိနစ်တွင် ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကာ ရဲနှင့်စစ်သည်များ သက်သေများကို ရှာဖွေနေပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းနေကြောင်း သိရှိရသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews









