လူမှောင်ခိုကူးစွန့်ပစ်ခံ မြန်မာ ၅၇ ယောက် ထိုင်းတွင် ငတ်မွတ်လွန်းသဖြင့် ဒေသခံများဆီမှ တောင်းရမ်းစားသောက်ရာမှ ဖမ်းခံရ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံ၊ ပတ်ချာဘန်းခရိုင်၊ တောတွင်း၌ မြန်မာနိုင်ငံသား ၅၈ ယောက်သည် လူမှောင်ခိုပွဲစားများစွန်ပစ်ခံခဲ့ရသဖြင့် မျက်စိလည်လမ်းပျောက်ပြီး နောက်ဆုံး ငတ်မွတ်လွန်းသဖြင့် ဒေသခံအိမ်များမှ အစားအစာများ သွားရောက်တောင်းရမ်းရာမှ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မြန်မာအထောက်အထားမဲ့ ၅၇ ယောက်တွင် အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၅ ယောက်သာ လူကြီးအဖြစ်ပါဝင်ပြီး ကျန် ၃၅ ယောက်မှာ ၁၈ နှစ်အောက်များဖြစ်ကာ နယ်စပ်ဖြတ်ကျော်သဘာ၀လမ်းမှ ထိုင်းနိုင်ငံအတွင်းသို့ လူမှောင်ခိုပွဲစားမှတစ်ဆင့် ကူးဝင်လာရာမှ တောတွင်း စွန့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။
စွန့်ပစ်ခံရသူများသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ငတ်မွတ်လွန်းရာမှာ အနီးအနားရှိ အိမ်များတွင် သွားရောက် အကူအညီတောင်းခံကာ အစားအသောက်များတောင်းရမ်းရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဒေသခံ ရပ်ရွာအာဏာပိုင်တစ်ဦးက အများစုမှာ ကလေးများဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် အစားအသောက်ထွက်တောင်းရာမှာ ဖမ်းဆီးခံရခြင်းဖြစ်ကာ လူမှောင်ခိုကူးသူများကို ဖော်ထုတ်နိုင်ရေးနှင့် လူဝန်မှု ကြီးကြပ်ရေးဥပဒေအရ ဆက်လက် အရေးယူနိုင်ရေး စီစဉ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews









