မြ၀တီဘက်ကို လျှပ်စစ်မီး ယနေ့ စတင်ဖြတ်တောက်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးအတည်ပြု
မဲခေါင်၊ ဖေဖော်ဝါရီ ၄
ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဌလည်းဖြစ်သော ဖမ်သမ်ဝီချာယာချိုင် က ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) မှစတင်ပြီး မြ၀တီမြို့ ကျားဖြန်လုပ်ငန်းတွေထံ ပေးထားသည့် လျှပ်စစ်မီးများ စတင် ဖြတ်တောက်မည်ဖြစ်ကြောင်းနှင့် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) တွင် မီးဖြတ်တောက်သည့် လုပ်ပိုင် ခွင့်ရှိကြောင်း အတည်ပြု ထုတ်ပြန်သည်။
ဆိုက်ဘာရာဇဝတ်မှုစုံစမ်းရေးဗျူရိုမှ ရရှိသော အချက်အလက်များအရ ၂၀၂၂ ဇွန်မှ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ သား ၅၀၀၀၀၀ ကျော် ကျားဖြန်လိမ်လည်မှု ခံရကာ ငွေကြေးအားဖြင့် ဘတ် ၆၀ ဘီလီယံနစ်နာဆုံးရှုံးခဲ့ရသဖြင့် မြ၀တီရှိ ရွှေကုက္ကိုလ်နှင့် KK Park အစရှိသော ကျားဖြန်လုပ်ငန်းများ အခြေချလုပ်ကိုင်ရာ နေရာများသည် နိုင်ငံတော်လုံခြုံရေးအား ဆိုးရွားစွာ ထိခိုက်စေသောကြောင့် လျှပ်စစ်မီးပေးထားမှုကို ဖြတ်တောက်သွားမည်ဖြစ် ကြောင်း၊ လုပ်ပိုင်ခွင့်ကို ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့က ဦးဆောင်သွားမည်ဖြစ်ကြောင်း၊ မီးခိုးပေးရာတွင် အကျင့်ပျက်ခြစားမှုများ မရှိနိုင်ဟု အာမမခံနိုင်သော်လည်း လာဘ်စားမှုကျူးလွန်ပါက တာဝန်ရှိသူများကို ရာထူး နေရာရွှေ့ပြောင်းခြင်းနှင့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု သတိပေး ထုတ်ပြန်ခဲ့သည်။
မြ၀တီဘက်ခြမ်းသို့ ထိုင်းမှ လျှပ်စစ်မီးရောင်းချခြင်း ဖြတ်တောက်ပါက ကျားဖြန်ရာဇဝတ်မှုနှင့် မဆိုင်သည့် ပြည်သူများ နစ်နာနိုင်မှုနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များဘက်က တာဝန်ရှိသလို အရပ်သား လျှပ်စစ်မီး အသုံးပြုမှုအတွက်ကို လျှပ်စစ်အာဏာပိုင်အဖွဲ့နှင့် မြန်မာ အာဏာပိုင်များ စစ်တမ်းကောက်ယူပြီးမှသာ လျှပ်စစ်မီး ပြန်ပေးမည့်အရေးကို ပြန်လည် ဆုံးဖြတ်နိုင်မည်ဟု ဖမ်သမ်ဝီချာယာချိုင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
Ref:The Nation
ကိုကလင်း
#MeKongNews








