ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်နာမည်ရ သရုပ်ဆောင်ကို ထိုင်းရဲချုပ်ကိုယ်တိုင် ကယ်ထုတ်နေ
မဲခေါင်၊ ဇန်နဝါရီ ၇
ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီ ၃ ရက်က ပျောက်ဆုံးသွားတဲ့ တရုတ်နာမည်ရ သရုပ်ဆောင်ကို ထိုင်းရဲချုပ်ကိုယ်တိုင် မြန်မာနိုင်ငံဘက်မှာ သွားရောက် ခေါ်ဆောင်နေကြောင်း မွန်းလွဲပိုင်းသတင်းမှာ ဖော်ပြခဲ့ပါတယ်။
တရုတ်မှာနာမည်ရနေတဲ့ ရုပ်သံဇာတ်လမ်းတွေရဲ့ သရုပ်ဆောင် ဇင်ဇင်းခေါ် ဝမ်ဇင်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုရဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရေးအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရပြီး ရှန်ဟိုင်းကနေ ဘန်ကောက်ကို ရောက်ရှိလာပြီးနောက် ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းများစွာ တည်ရှိရာ မဲဆောက်ကို ကားတစ်စီးနဲ့ ခေါ်ဆောင်သွားခြင်းခံရပြီး မြန်မာနယ်စပ်အရောက် အဆက်အသွယ်လုံး၀ ပြတ်တောက်သွားလို့ ချစ်သူ မိန်းကလေးက ဘန်ကောက်နဲ့ ချင်းမိုင်က တရုတ်သံရုံးတွေကို အကြောင်းကြားခဲ့တဲ့ သတင်း တရုတ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီလို အမှုအခင်းတွေဟာ နိစ္စဓူ၀ ဖြစ်ပေါ်နေခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ထူးခြားစွာပဲ ထိုင်း စုံစမ်းထောက်လှမ်းရေးရဲချုပ် ကိုယ်တိုင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ကို လာရောက်ပြီး မြန်မာဘက်မှာ ဇင်ဇင်း ရှိနေတာကို သိရကြောင်းနဲ့ ကိုယ်တိုင်သွားရောက် ခေါ်ယူနေတာဖြစ်တယ်လို့ Khosoad သတင်းက ဖော်ပြသွားခဲ့ပါတယ်။
ဒီသတင်းမှာလည်း မြန်မာဘက် ဘယ်နေရာ၊ ဘယ် ကျားဖြန့်လုပ်ငန်းက ပြန်ပေးဆွဲ၊ လူမှောင်ခိုမှုလုပ်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းနဲ့ ဆက်သွယ်ပူးပေါင်း ကယ်ထုတ်မှာလည်းဆိုတာကို Khaosod အပါအဝင် ထိုင်းမီဒီယာတွေက ထည့်သွင်းဖော်ပြခြင်းမရှိသေးပါဘူး။
Ref:Khaosod
MKF-001
#MeKongNews









