လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး ပထမဆုံးတစ်ယောက် သတ်ဖြတ်မှုနဲ့တင် သေဒဏ်ချမှတ်ခံရ
မဲခေါင်၊ နိုဝင်ဘာ ၂၁
ထိုင်းမှုခင်းတရားရုံးက သူငယ်ချင်းနဲ့ အသိမိတ်ဆွေပေါင်း ၁၄ ယောက်ကို ဆိုင်ရာနိုက်အဆိပ်ခတ် သတ်ဖြတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး အမ်း ခေါ် ဆာရာရတ်ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာပဲ ပထမဆုံး သတ်ခံရသူ ဆီရီပွန်အမှုမှာပဲ ပြစ်မှုထင်ရှားလို့ သေဒဏ်ချမှတ်လိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဆာရာရတ်ဟာ လူပေါင်း ၁၅ ဦးကို ဆိုင်ရာနိုက်အဆိတ်ခတ် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာမှာ ၁၅ ယောက်မြောက်ဟာ မသေခဲ့တာကြောင့် မသင်္ကာဖြစ်ပြီး စုံစမ်းရာက ရှေ့မှာ ၁၄ ယောက် ကို ဆိုင်ရာနိုက်အဆိပ်ခတ် သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေ ရယူခဲ့ကြောင်း သံသယ အချက်အလက်တွေ တွေ့ရှိရတဲ့ အတွက် လူ ၁၄ ယောက်ကို သတ်ဖြတ်မှုနဲ့ တရားစွဲ ခံခဲ့ရတာဖြစ်ပါတယ်။
ဒီအမှုတွေထဲက တစ်မှုအဖြစ် ၃၂ နှစ်အရွယ် မိတ်ဆွေဖြစ်သူ ဆီရီပွန်ကို အစားအသောက်တွေထဲ ဆိုင်ရာနိုက် အဆိပ်ခတ်သတ်ခဲ့ခြင်းနဲ့ ဘတ် ၁၅၄၆၃၀ တန်ဖိုးရှိ ပစ္စည်း ၉ မျိုး ခိုးယူခဲ့ကြောင်း သက်သေခိုင်လုံခဲ့လို့ တရားရုံး က ဒီတစ်မှုတည်းမှာတင် ရည်ရွယ်ချက်ရှိစွာ ကြံစည်သတ်ဖြတ်မှုနဲ့ သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ခင်ပွန်းဟောင်း ရဲအရာရှိဟာ ဒီလူသတ်မှုတွေကို သိပေမယ့် တိတ်ဆိတ်နေခဲ့မှုနဲ့ ရှေ့နေဖြစ်သူဟာ တည်ဆဲဥပဒေကို ဖောက်ဖျက်ပြီး တရားခံ အပြစ်သက်ညှာစေဖို့ တရားဥပဒေကို လက်တစ်လုံးကြား အသုံးချကာကွယ်ခဲ့လို့ ထောင်ဒဏ် ၁ နှစ်နဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။
Ref: Thai Enquirer
MKF-001
#MeKongNews








