မဲခေါင်၊ အောက်တိုဘာ ၂၄
အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဖူးခက်မြို့ ကာရွန်ကမ်းခြေမှာ လူတွေကို အန္တရာယ်ပေးတဲ့ ထူးခြားရေစီးကြောင်းတွေကြောင့် ရေမကူးရ အနီရောင်ဆိုင်းဘုတ်တွေ ထောင်ထားပါလျက် ရေဆင်းကူးတဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးခဲ့ရပါတယ်။
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသားဟာ ရေထဲမှာ အတူပါလာတဲ့ ဧည့်သည် ၆ ယောက်ထဲက တစ်ယောက်နဲ့ ရေကူးနေရင်း ရေလွှာလျှောစီးလို့တောာင် ရနိုင်လောက်တဲ့ လှိုင်းကြီးမှုနဲ့ ရေစီးကြောင်းကြောင့် ပယ်လယ်ထဲ ပါသွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့က အမြန်ကယ်တင်ပြီး အရေးပေါ် အသက် ကယ် စနစ်တွေနဲ့ ဆေးအဖွဲ့က ကယ်ဆယ်လည်း အသက်ပြန်မရနိုင်တော့ဘဲ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖူးခက် က ဒုဗိုလ်မှူးကြီး ဖန်ဝှန်က ရှင်းလင်းပြောဆိုသွားပါတယ်။
ဖူးခက်ကမ်းခြေမှာ အရင်ကတည်းက အန္တရာယ်များတဲ့ ရေစီးကြောင်းတွေ ရှိရာက ဒီနှစ်မှာ ပိုမိုဆိုးရွားတဲ့ ရာသီ ဥတုနဲ့ ရေစီးကြောင်းတွေကြောင့် ရေဆင်းမကူးဖို့ ကမ်းခြေမှာ သတိပေးတားမြစ် ဆိုင်းဘုတ်တွေ ထောင်ထား တာဖြစ်ပါတယ်။
အတွေ့အကြုံရင့် ရေကူးသမားတွေတောင် ပယ်လယ်ထဲ ဆွဲချခံရပြီး သေဆုံးခဲ့တာတွေရှိလို့ အန္တရာယ်အရှိဆုံး ကမ်းခြေနေရာတွေမှာ အနီရောင်ဆိုင်းဘုတ်နဲ့ ရေဆင်းမကူးရလို့ တားမြစ်ထားတာဖြစ်ကြောင်းလည်း ဖန်ဝှန်က ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဖူးခက်က ကာရွန်ကမ်းခြေနဲ့ ကာတာကမ်းခြေတွေဟာ အန္တရာယ်အများဆုံး ကမ်းခြေတွေဖြစ်ပြီး စက်တင်ဘာ ကနေ ဒီဇင်ဘာလအထိ လှိုင်းကြီးသလို သေစေနိုင်တဲ့ ဒီရေအတက်ကြမ်းမှုတွေ မိုးရာသီမှာ ဖြစ်ပေါ်နေကျ ဖြစ် ပါတယ်။
ဇွန်လအတွင်းကလည်း ၂၈ နှစ်သာရှိသေးတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား လိုဗိုဗာဒီယိုဆိုသူ ဖူးခက်မှာ ရေနစ် သေဆုံးခဲ့ရပါသေးတယ်။ ဒီသေဆုံးမှုမတိုင်ခင် ရက်ပိုင်းကပဲ အမေရိကန် စစ်ပြန် ဒူဘွိုက်စ် (၄၉ နှစ်) လည်း ဖူးခက်က နိုင်ဟန်းကမ်းခြေမှာ မိသားစုနဲ့ ရေကူးရင်း အားကြီးတဲ့ ရေစီးကြောင်းနဲ့ မျောပါ နစ်မြုပ် သေဆုံးခဲ့ပါ သေးတယ်။
Ref:Thesun
MKF-001










