မဲခေါင်၊ အောက်တိုဘာ ၁၁
လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းမှတ်တမ်းတွေမှာ အားနည်းချက်များစွာရှိလို့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားမှု လက်ခံလိုက်ပြီဖြစ်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပခဲ့ပြီး လျှောက်ထားတဲ့ လစ်လပ် အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံမှာ ၁၈ နိုင်ငံရဲ့လျှောက်ထားမှုကို လက်ခံလိုက်တာဖြစ်ပြီး ဆော်ဒီတစ်နိုင်ငံတည်း ကို မရွေးချယ်ဘဲ ဖြုတ်ချန်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံ ပါဝင်တဲ့ ကုလလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ် လာခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၁ ရက်ကစလို့ ၃ နှစ်ကြာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရတော့မှာဖြစ်ပါတယ်။
အာရှ-ပစ္စိဖိတ်ဒေသတွင်းက ထိုင်း၊ ဆိုက်ပရပ်စ်၊ မာရှယ်ကျွန်း၊ ကာတာ၊ တောင်ကိုရီးယား၊ ဆော်ဒီ ၆ နိုင်ငံထဲက ၅ နိုင်ငံကို ရွေးချယ်ရာမှာ ဆော်ဒီတစ်နိုင်ငံသာ မဲအနိုင်မရခဲ့တာဖြစ်ပြီး ထိုင်းက ကုလအဖွဲ့ဝင်နိုင်ငံတွေအားလုံး ထဲက ၁၇၇ မဲပေးခဲ့ရပြီး ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
Ref: bangkokpost
MKF – 001








