မဲခေါင်၊ အောက်တိုဘာ ၁
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖာဟွန်ယိုသင်လမ်း Zeer Rangsit shopping mall အနီး ဒီကနေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှာ ဥထိုင်းဌာနေကနေ လေ့လာရေးခရီးထွက်လာတဲ့ မူကြိုနဲ့ မူလတန်းကျောင်းသား၊ ဆရာ၊ ဆရာမ ၄၄ ယောက်ပါ ဘတ်စ်ကား မီးလောင်ခဲ့လို့ အယောက် ၂၀ အထိသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ထိုင်းမီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ ကားပေါ်မှာ ဥထိုင်းဌာနီ ဝပ်ကျောက်ဖရားဆန်ခရန် အရပ်က ကျောင်းသား ၃၈ ယောက်(အများစုက မူကြို)နဲ့ ဆရာ၊ ဆရာမ ၆ ယောက် ဘန်ကောက်ကို လေ့လာရေးခရီး ထွက်လာရာမှာ ဒီကားမီးလောင်မှုဖြစ်ပွားပြီး အစောပိုင်းသတင်းအရ မီးလောင်သေဆုံးသူ ၁၀ ဦးတွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ၂ ထပ်ဘတ်စ်ကားဟာ တာယာပေါက်သွားပြီး ယာဉ်မောင်း ထိန်းမရဖြစ်ရာကနေ စတင်မီးလောင် ပေါက်ကွဲတာဖြစ်ကြောင်းနဲ့ သေဆုံးသူအရေအတွက်ဟာ ထိုင်းစံတော်ချိန် ၂ နာရီ မိနစ် ၅၀ ထုတ်ပြန်ချက်အရ အယောက် ၂၀ အထိ ရှိသွားခဲ့ပြီလို့ Khaosod English မီဒီယာက ဖော်ပြပါတယ်။
Ref:Khaosod English
MKF-001













