မဲခေါင်၊ စက်တင်ဘာ ၂၅
ထိုင်းနိုင်ငံဒေသတချို့မှာ မိုးရွာသွန်းမှုများခြင်းနဲ့ မြစ်ရေလျံခြင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားဖို့ရှိနေချိန် လမ်ပန်းခရိုင်က မိကျောင်းမွေးမြူရေးခြံပိုင်ရှင်ဟာ သူ့မိကျောင်းတွေ ရေကြီးပြီးလွတ်သွားရင် ပြည်သူတွေ အန္တရာယ်ရှိနိုင်တယ်လို့ဆိုပြီး ကောင်ရေ ၉၀ ကို စက်တင်ဘာ ၂၃ ရက်မှာ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ မိကျောင်းမွေးမြူရေးခြံပိုင်ရှင် Natthapak Khumka ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က သူ့ ဖေ့စ်ဘုတ် မှာ မိချောင်းများစွာကို စက်ယန္တရားတွေအသုံးပြု သုတ်သင်သယ်ဆောင်တဲ့ပုံတွေတင်ပြီး သူ့ကို မိကျောင်းတွေ သုတ်သင်သတ်ဖြတ်သူလို့ မသုံးနှုန်းကြစေဖို့နဲ့ မဖြစ်မနေမို့ စီမံခန့်ခွဲရတယ်လို့သာ သုံးနှုန်းစေချင်ကြောင်း ရေး တင်အသိပေးသွားခဲ့တာဖြစ်ပါတယ်။
မိကျောင်း မွေမြူရေးခြံလုပ်ငန်း လုပ်လာတာ ၁၇ နှစ်အတွင်း အခက်ခဲဆုံး ဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာဖြစ်တယ်လို့ပါ ရေးတင်ခဲ့ပါတယ်။
ဒီလုပ်ရပ်အတွက် တိရစ္ဆာန်များစွာကို ရက်စက်စွာသတ်ဖြတ်သူလို့ လူမှုကွန်ရက်တွေပေါ် ဝေဖန်မှုမြင့်တက်လာ ပြီးနောက် ခြံပိုင်ရှင်အမျိုးသားက မွေးထားသမျှ မိကျောင်းအားလုံးကို သုတ်သင်ခဲ့တာမဟုတ်ဘဲ အသက်ကြီးရင့် နေတဲ့ မိကျောင်း ၉၀ ကိုသာ ရှင်းလင်းခဲ့ပြီး သူ့ခြံမှာ ငယ်ရွယ်တဲ့ မိကျောင်းအကောင် ၅၀၀ ရှိသေးကြောင်းပါ ဖေ့စ်ဘုတ်ပေါ်ရေးတင်ပြီး ထပ်မံ ဖြေရှင်းသွားခဲ့ပါတယ်။
Ref: Khaosod
MKF-001










