မဲခေါင်၊ စက်တင်ဘာ ၂၄
စက်တင်ဘာ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင် ကော့စမွေက မတ်ရတ်ရွာမှာ တရားမဝင် ကြက်ဝိုင်း ထောင်ပြီး လောင်းကစားလုပ်နေသူတွေကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံ သား ၂၂ ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။
လိုက်လံဖမ်းဆီးရာမှာ ရွာထဲက အိမ်တွေကြား ပတ်ပြေးနေသူတွေလည်းရှိပြီး လွတ်မြောက်သွားသူတွေလည်း ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိတဲ့ ၂၂ ယောက်စလုံးက တရားမဝင်ကြက်ဝိုင်းမှာ လောင်းကစားလုပ်ကြောင်း ဝန်ခံလို့ ဘိုဖတ်ရဲစခန်း မှာ အမှုဖွင့် အရေးယူထားကြောင်း ထိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကြက်တိုက်မှုကို မြို့တိုင်း၊ ရွာတိုင်းမှာ မြင်တွေ့ရပေမယ့် အခုကြက်ဝိုင်းကတော့ ခြံရှင်ဟာလည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကြက်ဝိုင်းထောင်ပြီး တရားမဝင်လောင်းကစားမှု လုပ်လို့ ဖမ်းဆီးရတာဖြစ်ကြောင်း ဘိုဖတ်ရဲစခန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Ref: Khaosod
MKF-001










