မဲခေါင်၊ စက်တင်ဘာ ၁၅
တရုတ်နိုင်ငံမှာ ပြင်ပကုမ္ပဏီတစ်ခုက အခကြေးငွေများစွာရယူပြီး သက်လတ်ပိုင်း အမျိုးသမီးတွေအပေါ် ခင်ပွန်းသည်တွေ သစ္စာမဖောက်ရေးနဲ့ လိင်စိတ်စွဲဆောင်မှုအပြည့်ရစေရေးဆိုပြီး ကာမသျှတ္တရ သင်တန်း စခန်းသွင်းဖွင့်လှစ်လို့ လူမှုကွန်ရက်တွေပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
လိင်အယူခံအကယ်ဒမီ ( Sex Appeal Academy) လို့နာမည်ပေးထားတဲ့ ကုမ္ပဏီက ၃၅ နှစ်နဲ့ ၅၅ နှစ်အရွယ်ကြား အိမ်ထောင်သည်အမျိုးသမီးတွေကို နှစ်ရက်ကြာ လိင်စွဲဆောင်နိုင်မှုစခန်းသွင်း လေ့ကျင့်ပေးဖို့ ဒေါ်လာ ၄၂၀ အထိ ရယူပြီး လက်တွေ့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုသင်တန်းတွေကို Sexy အဝတ်အစားတွေပါ ဝတ်ခိုင်းပြီး သင်ကြားပေးဖို့ ကြော်ညာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဇီချွမ်းပြည်နယ် ဟွမ်ဇူးခရိုင်မှာ ဖွင့်လှစ်တဲ့ ဒီသင်တန်းဟာ အိမ်ထောင်ရေးဖောက်ပြန်ခံရလို့ ထိရှလွယ်ခံစားရစေတဲ့ အမျိုးသမီးတွေအပေါ် စီးပွားရှာအမြတ်ထုတ်၊ သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ ဝိုင်းဝန်း ဝေဖန် နေခဲ့ကြပါတယ်။
အဆိုပါ ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကတော့ “လိင်ပိုင်းဆိုင်ရာ အယူခံဝင်မှုဟာ အမျိုးသမီး တစ်ယောက်ရဲ့ ဘ၀ကို ထိန်းချုပ်ခြင်း” လို့ ဖော်ပြထားပါတယ်။ သင်တန်းတက်သူများရရှိမယ့် အကျိုးကျေးဇူး က “သင့်အိမ်ထောင်ရေးလိင်ပိုင်းဆိုင်ရာ စိတ်အားထက်သန်မှုကို ပြန်လည်လွှမ်းမိုးစေပြီး သင့်ရဲ့ တဏှာရာဂ ကို ပြန်လည်အသက်သွင်းပါ” လို့လည်း လှုံ့ဆော်ထားပါတယ်။
တောင်တရုတ်နံနက်ခင်းသတင်းမှာဖော်ပြချက်အရ သင်တန်းတက်တဲ့အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ Single Mother တစ်ယောက်နဲ့ ဖောက်ပြန်ပြီး သူမကို အိမ်ထောင်သည်အမျိုးသားနဲ့ ထားပစ်ခဲ့ကြောင်း၊ ဒီ အိမ် ထောင်သည်အမျိုးသားကလည်း သားဖြစ်သူရဲ့ အတန်းဖော်အပေါ်မှာ တိမ်းညွှတ်နေတဲ့အထိ ဇာတ်လမ်းတွေ ရှုပ် နေလို့ သင်တန်းလာတက်တာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
သင်တန်းပေးမယ့် ဆရာမတွေဟာ အရင်းနှီးဆုံးဆက်ဆံရေးနှင့်လိင်ပိုင်းဆိုင်ရာ အဆင့်မြင့်ကုထုံးတွေကို ကျွမ်း ကျင်သူလက်မှတ်ရထားသူတွေဖြစ်လို့ ထိရှလွယ်အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာ၊ စွဲဆောင်မှုရှိစွာသော အမျိုးသမီးတွေ ဖြစ်လာစေရမယ်လို့လည်း ကြော်ငြာထားပါတယ်။
ဒါကြောင့် တရုတ်လူမှု ကွန်ရက် Weibo ပေါ်မှာ အမျိုးသမီးထု ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားအပေါ် နှိမ့်ချစော်ကားမှုဖြစ်တယ်လို့ ဝေဖန် မှုတွေ များစွာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Ref: hindustantimes
MKF-001











