မဲခေါင်၊ စက်တင်ဘာ ၁၄
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကယ်ဆယ်ရေးကို ထိုင်းရွှေတံဆိပ်ဆုရ စပိဘုတ်(Speed Board)သမားများ ကယ်ဆယ်နေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ချင်းရိုင်းခရိုင်အတွင်း ရေစီးကြမ်းတဲ့အတွက် ကယ်ဆယ်ရေးသမားတွေ ကြိုးစားကယ်ဆယ်နေပေမယ့် ကယ်ဆယ်လို့မရတဲ့အတွက် ဘန်ကောက်မြို့အခြေစိုက် ရွှေတံဆိပ်ဆုရ Speed Board သမားတွေ မယ်ဆိုင်၊ ချင်းရိုင်းမှာ လာရောက်ကယ်ဆယ်နေတာဖြစ်ပါတယ်။
မိုးသည်းထန်ပြီး ချောင်းရေတစ်ရှိန်ထိုးဝင်ရောက်နေတာကြောင့် ကားလမ်းတစ်လျှောက် ရေချောင်းကြီးတွေဖြစ်သွားပြီး ရေစီးသန်တာကြောင့် အတွေ့အကြုံရှိ စပိဘုတ်သမားတွေကိုယ်တိုင် ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
မယ်ခေါင်မြစ်ရေအတက်နဲ့ တောင်ပေါ်ချောင်းရေအဆင်းကြောင့် ကျေးရွာနဲ့ မြို့အတွင်း ပိတ်မိနေသူတွေကို ဒေသခံကယ်ဆယ်ရေးသမားတွေကြိုးစားကယ်ယူနေပေမယ့် အခက်အခဲတွေတွေ့နေရတာကြောင့် ထိုင်းနိုင်ငံအနှံအပြားက အတွေ့အကြုံရှိ ကယ်ဆယ်ရေးသမားတွေ မယ်ဆိုင်-ချင်းရိုင်းဘက်မှာ လာရောက်ကယ်ဆယ်ပေးနေတာပါ။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံရှမ်းပြည်အရှေ့ပိုင်းနိုင်နဲ့ မယ်ခေါင်မြစ်ကြောင်းတစ်လျှောက်က ထိုင်း-လာအိုနိုင်ငံက ကျေးရွာနဲ့ မြို့တွေ ထိခိုက်ဆုံးရှုံးမှု များပြားနေတယ်လို့သိရပါတယ်။
MK-002















