မဲခေါင်၊ သြဂုတ် ၂၄
အာဖရိကတိုက်ကို ခရီးသွားပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပသားတစ်ယောက်ဟာ မျောက်ကျောက် ဗိုင်းရပ်စ် သယ်ဆောင်လာသူဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက အတည်ပြုပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တိုက်ကြီး ၄ တိုက်အထိ မျောက်ကျောက်ရောဂါ ပျံ့နှံ့ရောက်ရှိနေခဲ့ပြီဖြစ်လို့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ အားချင်း မျောက်ကျောက်ရောဂါ ကာကွယ်ဆေးတွေ အများအပြားထုတ်လုပ်ကြဖို့ တိုက်တွန်းသတိပေးချက် ထုတ်ပြန်သွားပါတယ်။
မျောက်ကျောက်ရောဂါရဲ့ မူလ ဇစ်မြစ်ဟာ DR ကွန်ဂိုနိုင်ငံက ဖြစ်ပြီး ကင်ညာ၊ ရဝမ်ဒါ၊ ဘူရန်ဒီ၊ ယူဂန္ဓာ စတဲ့ အိမ်နီချင်း အာဖရိက နိုင်ငံတွေကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်သလို မကြာသေးခင်က ဥရောပနဲ့ တောင်အမေရိ နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်ကနေ အာဂျင်တီးနားအထိ ပျံ့နှံ့ရောက်ရှိကြောင်း သေချာသွားတဲ့အတွက် ဒီဗိုင်းရပ်စ် ဟာ နိုင်ငံအတော်များများဆီ စိမ့်ဝင်ပျံ့နှံ့နေလောက်ပြီလို့ အခိုင်အမာ ပြောဆိုနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့် WHO က ကပ်ရောဂါဘေးဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ဆေးထုတ်လုပ်ရေးသမားတွေအနေနဲ့ ကာကွယ်ဆေးများစွာကို အားချင်း ထုတ်လုပ်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
နယ်စည်းမခြားဆရာဝန်များ အဖွဲ့ကလည်း မျောက်ကျောက်ရောဂါဟာ လူပါ သေစေနိုင်တဲ့ အန္တရာယ်ရှိလို့ ကာကွယ်ဆေး လိုအပ်ချက်များစွာ ရှိနေရာမှာ ဆေးဝါးရရှိဖို့လိုသလို စျေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်ဖို့လည်း အထူးလိုအပ်ကြောင်း ဆက်လက် ထုတ်ပြန်သွားပါတယ်။
နောက်ဆုံး ထိုင်းမှာတွေ့ရှိတဲ့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ၆၆ နှစ်အရွယ် နိုင်ငံလှည့် ခရီးသွားတစ်ယောက်ဖြစ်ပြီး အာဖရိကကို ခရီးသွားပြီး ထိုင်းကိုရောက်လာစဉ်မှာ မျောက်ကျောက်ရောဂါရဲ့ နောက်ဆုံးမျိုးခွဲ Clade 1b ဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Ref: mirror
MKF-001








