မဲခေါင်၊ ဩဂုတ် ၂၃
ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် လေဆိပ်ကနေ တက်သွားတဲ့ ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ပျံတက်အပြီး မကြာခင်ပျက်ကျသွားလို့ လေယာဉ်ပေါ်မှာ လိုက်ပါသူ တရုတ်နိုင်ငံသား ခရီးသည် ၅ ဦးအပါ ၉ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
လေဆိပ်နဲ့ ၂၅ မိုင်အကွာ ချာချိုအန်ဆအို ခရိုင်မှာ လေယာဉ်ပျက်ကျသွားတာဖြစ်ပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိခဲ့ပေမယ့် လေယာဉ်မောင် ၂ ဦးနဲ့ ခရီးသည် ၇ ဦးစလုံး အသက်မရှင်တော့ကြောင်း ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ခရိုင်တာဝန်ရှိသူတစ်ဦးက လေယာဉ်ပျက်ကျမှုဟာ ဆိုးရွားပြင်းထန်တာကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေပျံကြဲနေတာပဲ တွေ့ရကြောင်း ပြောကြားပါတယ်။
သေဆုံးသူတွေ နာမည်ကို ချက်ချင်းမဖော်ပြနိုင်ပေမယ့် ဟောင်ကောင်ကလာတဲ့ တရုတ်ခရီးသည် ၅ ယောက်၊ ထိုင်း လေယာဉ်မယ် ၂ ယောက်၊ လေယာဉ်မောင် ၂ ယောက်တို့ ဖြစ်တယ်လို့သာ သိရှိရပါတယ်။
လေယာဉ်ဟာ သု၀ဏ္ဏဘူမိလေယာဉ်ကွင်းကနေ အရှေ့တောင်ဘက် ၁၇၁ မိုင်အကွာမှာရှိတဲ့ ထိုင်းနိုင်ငံ ထရတ်ခရိုင်ကို ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Ref: vnexpress
MKF-001








