မဲခေါင်၊ သြဂုတ် ၁၉
ဩဂုတ် ၁၈ ရက်နေ့မှာပဲ ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးနဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသူ ပေထောင်တန်ဟာ ထိုင်းဘုရင် မဟာဝီရာလောင်ကွန်းရဲ့ အသိအမှတ်ပြုပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျန်ဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။
ဒီကျမ်းသစ္စာကျိန်ဆိုမှုမှာ အသက်အရွယ်အားလုံး၊ ကျား မ မတူကွဲပြားလိင်အားလုံး၊ ခြားနားကွဲပြားသူအားလုံး ကို တစ်သားတည်း နှလုံးသားနဲ့ရင်းပြီးဆက်ဆံသွားမှာဖြစ်ကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေး၊ ကျန်းမာရေး အာမခံပိုမိုသက်သာရေး၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကူးပြောင်းရေးတွေအတွက် အရေးကြီးတဲ့ မူဝါဒတွေကို ဝန်ကြီးချုပ်လက်ကျန်သက်တမ်း ၃ နှစ်အတွင်း မဆုတ်မနစ် ကြိုးစားတာဝန်ယူ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ထိုင်းပြည်သူအားလုံးကို တစ်ယောက် ဘတ် ၁၀၀၀၀ ထုတ်ပေးသွားမယ့် မူလအစီ အစဉ် ကို ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် သဘောနဲ့ဖျက်သိမ်းတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ အရေး အကြီးဆုံးဖြစ်တဲ့ တိုင်းပြည်ရဲ့ မျိုးဆက် အို၊ ဟောင်း၊ သစ် အားလုံးနဲ့ ပြေလည်သင့်မြတ်ရေးကို လိုလားကြောင်း ကျိန်ဆိုပြောကြားသွားပါတယ်။
အသက် ၃၇ နှစ်သာရှိသေးတဲ့ ပေထောင်တန် ဝန်ကြီးချုပ်ဖြစ်လာမှုမှာ အများစုက ဖခင် သက်ဆင်ရဲ့ လမ်းညွှန် ဆုံးဖြတ်ချက်တွေအတိုင်း နိုင်ငံကို အုပ်ချုပ်သွားဖို့သာ ရှိတယ်လို့ ထင်မြင်နေကြမှုတွေကို ချေဖျက်ပြနိုင်ဖို့ လိုနေခြင်းပဲဖြစ်ပါတယ်။
Ref: thediplomat
MKF-001









