မဲခေါင်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခါလွန်ဆမ်ဝါ ခရိုင်က နေအိမ်ဒုတိယထပ် အိပ်ခန်းထဲမှာ သေဆုံးနေတဲ့ သခင်ရဲ့ ခြေထောက်ကို ကိုက်ဖြတ်စားသောက်ပြီး အသက်ရှင်နေတဲ့ အိမ်မွေးခွေးလေး ၂၈ ကောင်ကို The Voice Foundation ခွေးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာက ခေါ်ယူမွေးစားခဲ့ကြောင်း The Nation Thailand က ဖော်ပြသွားပါတယ်။
အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှင် အက်တာပိုချာရိုအန်ပီသက်ဟာ ခွေးအရမ်းချစ်သူဖြစ်ပြီး သတ်သတ်လွတ်စား သူလည်းဖြစ်ကာ သွေးတိုး၊ ဆီးချိုရောဂါနဲ့ လူသူမသိဘဲ နေအိမ်အိပ်ခန်းထဲ သေဆုံးနေပုံရပြီး ဇူလိုင် ၂၇ ရက်နေ့မှာ အိမ်နီးချင်းက နေ့စဉ်စျေးသွားနေကြ ကား နေရာမရွေ့တာ တစ်ပတ်ကျော်ပြီဖြစ်ကြောင်းနဲ့ နေအိမ်ထဲ မီးတွေ အချိန်ပြည့်လင်းနေကြောင်း မသင်္ကာဖွယ်ရာတွေ့ရလို့ ဖုန်းဆက်ရာက မထူးတဲ့အတွက် ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
နေအိမ်တံခါးတွေကို သောခတ်ထားလို့ မွေးထားတဲ့ခွေးကလေးတွေဟာ ရက်ပေါင်းများစွာ အစာရေစာငတ်ပြတ်ပြီး သခင်ရဲ့ခြေထောက်ကို စားသောက်ခြင်းနဲ့ အသက်ဆက်ရှင်သန် နိုင်ကြတာဖြစ်ကြောင်း၊ ပိုင်ရှင်က The Voice Foundation ကနေ သူသေလွန်ချိန်မှာ ခွေးတွေကို စောင့်ရှောက်ဖို့ ကြိုတင်သဘောတူခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
၂၀၁၇ ခုနှစ်က အက်တာပိုဟာ အပူလှိုင်းဖြတ်ချိန် သူ့ခွေးတွေကို လှောင်အိမ်ခြင်းတွေထဲထည့်ပြီး အေးတဲ့ နေရာဆီ ပစ်ကပ်ကားနဲ့ သွားခဲ့သလို ခွေးဂေဟာက နေ့စဉ်ခွေးလေးတွေ အပူရှိန်ကြောင့်သေဆုံးနေလို့ ကူညီစောင့် ရှောက်ခွင့်တောင်းခဲ့သေးပါတယ်။
၂၀၂၁ ခုနှစ်မှာဆို ခွေး ၄၆ ကောင်အထိ ပိုင်ဆိုင်ထားလို့ ခွေးဂေဟာက ခွေးမ ကောင်ရေ ၂၀ ကို တားဆေးခေါ်ထိုးပေးရာမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဖို့ သတိပေးပြီး သူ့ခွေး ၂၀ ကို ပြန်တောင်းသွားခဲ့ကြောင်း၊ အဲဒီကတည်းက ဆက်ခံသူမရှိတဲ့ သူ့ခွေးတွေကို သူသေဆုံးရင် ဒီဖောင်ဒေးရှင်းက မွေးဖို့ ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
Ref: The Nation Thailand
MKF-001








