မဲခေါင်၊ ဇူလိုင် ၂၈
ထိုင်းနိုင်ငံ နွန်ထိုင်းခရိုင်မှာ ၂ နှစ်ကြာ လစာမပေးဘဲ အစွမ်းကုန် နှိပ်စက်ခိုင်းစေခြင်းခံနေခဲ့ရတဲ့ ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇူလိုင် ၂၆ ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး နွန်ထိုင်းရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ကြောင်း သိရှိရပါတယ်။
ခွန်းလို့အမည်ရတဲ့ ထိုင်းအမျိုးသားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အလုပ်ရှင်လင်မယားနဲ့ သူ့မွေးရပ် ချင်းမိုင် မှာစတင်တွေ့ရှိခဲ့ပြီး လိုက်သွားလို့ နာခွန်းရတ်ချာစီးမားအရပ်မှာ လိုက်ပါအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
အရင်နှစ် ပိုင်းတွေက လစာလည်းပေးပြီး ပြဿနာမရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လစာလည်းမပေး၊ အသုံးအဖြုန်း များမှာစိုးလို့ဆိုပြီး ATM ကတ်လည်း သိမ်း၊ တစ်နေ့ တမင်းချည်းသက်သက်ကို တစ်နပ်သာကျွေးသလို အရောင်း စံနှုန်းမမီဘူးဆိုပြီး ကြိမ်ဖန်များစွာ ဝါယာကြိုးနဲ့ရိုက်ထားရာမှာ တင်ပါးမှာ အနာတွေ ကူးစက်မှုတောင် ခံထားရ သလို ခြေသလုံးမှာလည်း အရှိုးရာ အထပ်ထပ်၊ ဦးခေါင်းကွဲထားတဲ့ ဒဏ်ရာတွေနဲ့ပါ မြင်မကောင်းဖြစ်နေခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် နာမည်ကြီးလူမှုကွန်ရက် တက်ကြွလှုပ်ရှားသူ ဂန်းတက်ချ်ပွန်ဘိုင်ဘွန်ဝပ်က ဦးဆောင်လို့ ခွန်းကို ကယ်ထုတ်ခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
နှိပ်စက်ခံရသူရဲ့ ပြောပြချက်အရ တစ်ခါရိုက်ရင် အကြိမ် ၁၀၀၀ ကျော်ရိုက်နှက်ရုံသာမက လျှပ်စစ်ကျင်စက်နဲ့ ဗိုက်အပြင် ငယ်ပါကိုပါ တို့ပြီး မင်းလိုလူစားနောက်တစ်ယောက် မမွေး လာဖို့လို့ ကြုံးဝါးနှိပ်စက်တာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီအမှုမှာ ခွန်းကို ဘာရောင်းခိုင်းသလဲဆိုတာ တိတိကျကျ မဖော်ပြထားဘဲ ရဲတပ်ဖွဲ့က အမှုဖွင့်ပြီးနောက် နှိပ်စက် တယ်လို့ စွပ်စွဲခံထားရတဲ့ အလုပ်ရှင်လင်မယားကို ခေါ်ယူစစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: bangkokpost
MKF-001








