မဲခေါင်၊ ဇူလိုင် ၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဟွိုင်ခွမ်းခရိုင်မှာ တရုတ်ဘာသာစကားနဲ့ နိုင်ငံတကာကလာမယ့် သူတွေအတွက် ပတ်စ်ပို့တ်၊ နိုင်ငံသားကတ်စတဲ့ ဝန်ဆောင်မှုတွေကို တာဝန်ယူကူညီလုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ စာသား တွေနဲ့ တင်ထားတဲ့ ကြော်ငြာဘီလ်ဘုတ်ကို ဇူလိုင် ၂၂ ရက်နေ့မှာပဲ အမိန့်ထုတ် ဖြုတ်ချခဲ့ကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီယာကူက ထုတ်ပြန်သွားပါတယ်။
ဒီဘီလ်ဘုတ်မှာ တရုတ်နိုင်ငံသားတစ်ယောက် ပတ်စ်ပို့တ်တစ်ခုကို လက်မှာကိုင်ထားပြီး တရုတ်ယွမ်ငွေနဲ့ ဘယ် အမျိုးအစားဆို ဝန်ဆောင်ခဘယ်လောက်လို့ ရေးတင်ထားတာဖြစ်ပါတယ်။
ဒီ ဘီလ်ဘုတ်ဟာ ထိုင်းလူမှုကွန်ရက် တွေပေါ် ပျံ့နှံ့လွန်းလာပြီး တရားဝင် အေဂျင်စီးလား၊ ဝင်ငွေလည်ပတ်စီးဆင်းမှုက ဘယ်ထိုင်းဌာနဆိုင်ရာနဲ့ ပတ်သက်မလဲ၊ တရုတ်နိုင်ငံသားတွေဆီ စီးဆင်းမယ့်ငွေကြေးလားဆိုပြီး မေးခွန်းထုတ်ခံရမှုများစွာရှိလာခဲ့ပါ တယ်။
ဒါကြောင့် ထိုင်းပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့ကြောင်းနဲ့ တရားဝင် စီးပွားရေးကြော်ငြာ ဆိုင်းဘုတ်အဖြစ် ထောင်ထားခြင်းလား၊ နောက်ကွယ်မှာ ဘယ်လိုရှိသလဲဆိုတာ စုံစမ်းခိုင်းထားကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးက မီဒီယာမှာ ရှင်းလင်းထုတ်ပြန်သွားခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ရခြင်းဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ပြည်ပသားတွေ ဝင်ရောက်လာခြင်းအပေါ် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဆက်လက်ရှင်းလင်းသွားခဲ့ပါတယ်။
Ref: bangkokpost
MKF-001








