အာစီယံဒေသတွင်း

မြန်မာလူငယ်စုံတွဲကို ပတ္တယားလူသတ်မှု သံသယတရားခံ အဖြစ်သတ်မှတ်ပြီး ပြန်လွှဲပေးဖို့ ထိုင်းရဲတပ်ဖွဲ့တောင်းဆို

မဲခေါင် 19 Jul - 2024
စားသောက်ဆိုင်ပိုင်ရှင် အီရန်သားနဲ့ ဇနီး ထိုင်း အမျိုးသမီးတို့ အခန်းထဲမှာ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီးနောက် ဒီဆိုင်မှာ အလုပ်လုပ်ရင်း ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသားစုံတွဲကို သံသယတရားခံအဖြစ် သတ်မှတ်တာကြောင့် မြန်မာ ဘက်က ပြန်လည်ဖမ်းဆီးပေးပို့ဖို့ ချွန်ဘူရီခရိုင် ရဲမှူးချုပ် သာဝပ်ခီယတ်က ထုတ်ပြန်ပြောဆိုသွားပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၉

ပတ္တယားတောင်ပိုင်းက Soi Day-Night အဆောက်အအုံက စားသောက်ဆိုင်ပိုင်ရှင် အီရန်သားနဲ့ ဇနီး ထိုင်း အမျိုးသမီးတို့ အခန်းထဲမှာ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီးနောက် ဒီဆိုင်မှာ အလုပ်လုပ်ရင်း ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသားစုံတွဲကို သံသယတရားခံအဖြစ် သတ်မှတ်တာကြောင့် မြန်မာ ဘက်က ပြန်လည်ဖမ်းဆီးပေးပို့ဖို့ ချွန်ဘူရီခရိုင် ရဲမှူးချုပ် သာဝပ်ခီယတ်က ထုတ်ပြန်ပြောဆိုသွားပါတယ်။

မြေညီထပ်မှာ စားသောက်ဆိုင်ခန်းဖွင့်ထားပြီး ဒုတိယထပ်မှာ အတူနေထိုင်တဲ့ ဆိုင်ရှင် မိုတဘာဂမ်ဘာရီယာဇက်(၆၄ နှစ်) နဲ့ ဇနီး သာနာပွန် (၄၉ နှစ်)တို့ကို ပထမထပ် အိပ်ခန်းထဲမှာ သေဆုံးလျှက် တွေ့ရှိရတာဖြစ်ပြီး ဂမ်ဘာရီယာဇက်ဟာ အောက်ပိုင်းဗလာဖြစ်နေသလို ဘောင်းဘီနဲ့ လည်ပင်းညှစ်သတ် ခံထားရတာဖြစ်ပြီး ဇနီး သာနာပွန်ကိုတော့ အဝတ်ဗလာနဲ့ ပလပ်စတစ်၊ ဝါယာကြိုးတွေနဲ့ တုပ်လျှက် သေဆုံးနေရာမှာ အခန်းထဲ ထုသတ်ခဲ့ပုံရတဲ့ တူတစ်ချောင်းလည်း တွေ့ရှိခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့က ဆိုင်လုပ်သား ကျော်မြင့်ဦး(၂၃ နှစ်) နဲ့ အိဒီဇင်ဘာ(၁၉ နှစ်) တို့ကို လူသတ်တရားခံအဖြစ် ယူဆပြီး ဇူလိုင် ၁၈ ရက်နေ့မှာ ဖမ်း၀ရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ဟာ ရက်အတော်ကြာခဲ့ပုံရပြီး မြန်မာစုံတွဲဟာ ဇူလိုင် ၁၁ ရက်နေ့က ဆိုင်ရှင်ရဲ့ မော်တော်ဆိုင် ကယ်ကိုစီးလို့ ဆိုင်ကထွက်သွားပြီးနောက် ဆိုင်ကယ်ကို စွန့်ပစ်ခဲ့ကာ တက္ကဆီနဲ့ ဘန်ကောက်ကိုသွား၊ အဲ့ကတဆင့် နာခွန်းပသွန် ခရိုင်ရဲစခန်းမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်ခဲ့မှုနဲ့ အဖမ်းခံခဲ့တာဖြစ်ပါ တယ်။

ဒီလို အဖမ်းခံစဉ်မှာ သူတို့ဟာ တာ့ခ်ခရိုင် (မဲဆောက်)ကို နယ်စပ်ဖြတ်ကျော် Border Pass နဲ့ ဝင်လာခဲ့ပြီး ပတ္တယားကို ရောက်တာဖြစ်ကာ သတ်မှတ်ခွင့်ပြုရက် ကျော်ပြီးနေမှုနဲ့ နေထိုင်ကြောင်းဝန်ခံလို့ မြန်မာဘက် ပြန်ပို့ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမှုဖြစ်ပွားခြင်းကို မသိရသေးတဲ့အချိန်မို့ ထိုင်းအာဏာပိုင်တွေက တာ့ခ်ခရိုင်ကနေပဲ မြန်မာဘက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ခုမှ ဆိုင်ရှင်သေဆုံးမှုမှာ တရားခံအဖြစ် သံသယရှိလို့ ဖမ်း၀ရမ်းထုတ်ပြီး မြန်မာဘက်က ဖမ်းဆီးပြန်ပို့ဖို့ တောင်းဆိုသွားတာဖြစ်ပါတယ်။

သေဆုံးသူထိုင်းအမျိုးသမီးရဲ့ ၂၉ နှစ်အရွယ် သမီးဖြစ်သူက ဆိုင်ရှင် အီရန်သားဟာ ဆိုင်မှာ ပိုက်ဆံ ပျောက်မှု ကြောင့် မကြာခဏ မြန်မာစုံတွဲကို ဆူပူမာန်မဲမှုတွေရှိခဲ့လို့ အငြှိုးနဲ့ သတ်ဖြတ်သွားပုံရကြောင်းနဲ့ အဖိုးတန် ပစ္စည်းတွေလည်း ယူဆောင်သွားပုံရတယ်လို့ စွပ်စွဲထားပါတယ်။

Ref: bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now