မဲခေါင်၊ ဇူလိုင် ၁၆
မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ တပ်ခ် ခရိုင်အတွင်းမှာ ဇူလိုင် ၁၅ ရက်က ကရင်ပြည်နယ်ကနေ မှောင်ခိုသယ်ဆောင်လာတဲ့ နွားကောင်ရေ ၂၀ ကို အငှါးသယ်ဆောင်လာသူ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းအရ သိရပါတယ်။
ထိုင်းနိုင်ငံ တပ်ခ် ခရိုင် ခဆောင်ယန်မြို့၊ မယ်စလိရွာ ရပ်ကွက်-၂ မှာ မှောင်ခို နွားအကောင် ၂၀ နဲ့အတူ အမျိးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိတာလို့ သိရပါတယ်။
ဖမ်းမိတဲ့သူတွေရဲ့ ပြောဆိုချက်အရ ယင်းနွားတွေကို ၁ ကောင် ဘတ် ၂၅၀ သယ်ဆောင်မောင်းနှင်ခယူပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်က တဆင့်ပို့ပေးတာကို သယ်လာတာလို့ သိရပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်နဲ့ရဲက နမ့်မွေချောင်းအတွင်း ကင်းလှည့်ရာကနေ မသင်္ကာလို့ စစ်ဆေးရင်း ဖမ်းမိတာလို့ သတင်းမှာ ပါရှိပါတယ်။
MK012











