မဲခေါင်၊ ဇူလိုင် ၁၁
ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ လေကြောင်းခရီးစဉ်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဟာ လက်ဆွဲအိတ်ထဲ herbal cannabis အမျိုးအစားဆေးခြောက် ၄၉.၅ ကီလိုဂရမ်(တန်ကြေး ယူရို ၉၉၀၀၀၀ဖိုးခန့်) သယ်ဆောင်လာလို့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်လေဆိပ် အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီး အရေးယူခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့မှာ ဒဗ္ဗလင်လေဆိပ်ကို ဒီအမျိုးသား ဆေးခြောက်တွေသယ်ဆောင်လာတော့ လေဆိပ်ရဲတပ်ဖွဲ့ရဲ့ နာမည်ကြီးစုံထောက်ခွေး Jack က အနံ့ခံသိရှိသွားပြီး သေချာစစ်ဆေးရာက ဆေးခြောက်တွေ ဖြစ်နေလို့ ဇူလိုင် ၁၀ ရက်မနက်ပိုင်းမှာပဲ ဒဗ္ဗလင်တရားရုံးကနေ ပြစ်ဒဏ်အတွက် စီရင်ချက်ချဖို့ စတင်ကြားနာနေပြီဖြစ်ပါတယ်။
ဒဗ္ဗလင်ရဲတပ်ဖွဲ့ကတော့ အသက် ၃၀ အရွယ် အမျိုးသားဟာ ၁၉၉၆ ခုနှစ်က ထုတ်ပြန်တဲ့ မူးယစ်မှောင်ခိုမှု ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့တာဖြစ်လို့ ဥပဒေအတိုင်းအရေးယူခံရမှာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။
Ref: sundayworld
MKF-001








