မဲခေါင်၊ ဇွန် ၁၆
ထိုင်းနိုင်ငံမှာ မကြာသေးခင်က လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်းက မတူကွဲပြား LGBTQIA + အသိုင်းအဝိုင်းဝင် သန်း ၂၀၀ ကျော်ကို နိုင်ငံအတွင်း လာရောက်လက်ထပ်၊ သေတဖန် သက်တစ်ဆုံး နေထိုင်ခွင့်ပေးမယ့်အစီအစဉ်ကို ကနဦးအစပျိုးလိုက်ပြီဖြစ်ပါတယ်။
ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော်က အာရှမှာ ထိုင်ဝမ်နဲ့နီပေါပြီးရင် တတိယမြောက် လိင်တူလက်ထပ်ခွင့်ပေးပြီးနောက် ထိုင်းခံစားခွင့်ရုံးဟာ နိုင်ငံအတွင်း ကမ္ဘာတစ်ဝန်းက LGBTQIA + အသိုင်းအဝိုင်းဝင် သန်း ၂၀၀ အထိကို လက်ခံ ထိမ်းမြားပေးပြီး ဒီလူတွေကို ထိုင်းမှာပဲ သက်တမ်းရှည်ဗီဇာပေးလို့ ထိုင်းအခွင့်အရေးကဒ်တွေ ပေးပြီး မိသားစုလိုက် ထိုင်းမှာ နေထိုင်၊ လုပ်ကိုင်၊ သွားလာခွင့်အပြင် အငြိမ်းစားဘ၀အထိ သေတဖန်သက်တစ်ဆုံး ပေးနေသွားမယ့် အစီအစဉ်ကို အစပျိုးလိုက်ကြောင်း၊ ဒါဟာ ကမ္ဘာမှာ ပထမဆုံးသော Pink Plus Economy စနစ် အစပျိုးလိုက်မှုဖြစ်တယ်လို့ နယ်စည်းမခြား LGBTQIA + အဖွဲ့ Borderless.lgbt က အခမ်းအနားနဲ့ ကြေညာ သွားတာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ Pink Plus အဖွဲ့ဝင်တွေအဖြစ် မှတ်ပုံတင်ပြီး Package အလိုက် LGBTQIA + အလွှာပေါင်းစုံအတွက် အထူးခံစားခွင့်တွေဖြစ်တဲ့ တိမ်မြုပ်နေတဲ့ telemedicine platform မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီ ကုသခွဲစိတ်ခွင့်၊ စျေးဝယ်ဘောင်ချာ၊ အငြိမ်းစားအနားယူပြီး ဆက်လက်နေထိုင်ရေးစီမံကိန်း ဝန်ဆောင်မှုတွေကို ပေးသွားမယ်လို့လည်း Borderless.lgbt ကကြေညာသွားပါတယ်။
MKF – 001
Ref: kathmandupost








