မဲခေါင်၊ ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံမှာ စစ်မှုထမ်းဖို့ အွန်လိုင်းအပလီကေးရှင်းလျှောက်လွှာခေါ်ထားရာမှာ အရင်နှစ်ပိုင်းတွေကထက် လျှောက်လွှာတင်သူ ပိုမိုများပြားနေပြီး လက်ရှိ လျှောက်လွှာတင်သူပေါင်း ၁၈၈၅၇ ဦးရှိနေပါပြီ။
စက်တင်ဘာ ၄ ရက်ကနေလျှောက်လွှာစခေါ်ခဲ့ပြီး ဇန်နဝါရီ၂၈ ရက်နေ့မှာ လျှောက်လွှာပိတ်မှာဖြစ်ကာ ဒီတစ်ကြိမ် ခေါ်ယူမှုမှာ အခြေခံလစာ ဘတ် ၁၀၀၀၀ နဲ့တခြား အခွင့်အရေးတွေ ပေးထားတာကြောင့် လျှောက်ထားသူ များပြားခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က စစ်မှုထမ်းလျှောက်ထားသူ ၃၂၀၇ ဦး၊ ၂၀၂၂ ခုနှစ်က ၆၆၅၂ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၁၀၁၅၆ ဦးသာ ရှိတဲ့အတွက် လက်ရှိလျှောက်ထားသူ ၁၈၈၅၇ ဦးဟာ ဒီနှစ်ပိုင်းထဲ အများဆုံး လျှောက်ထားမှု ဖြစ်လာပါတယ်။
စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေဟာ တစ်လ အခြေခံလစာ ဘတ် ၁၀၀၀၀ အပြင် အရာရှိရာထူးဖြေဆိုခွင့်၊ စစ်ဆေးရုံမှာ အခမဲ့ဆေးကုသခွင့်၊ ပိုမိုမြင့်မားတဲ့ ပညာရေးတတ်မြောက်ခွင့်တွေပါ ပေးမယ်လို့ ကြေညာထားပါ တယ်။
Ref: Thai Enquirer
MKF-001
#MeKongNews
#ထိုင်း
#စစ်မှုထမ်း
#လျှောက်ထား
#အွန်လိုင်း








