မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က လူသစ်တွေကို ပထမပတ်သင်တန်း မနေ့ ဖေဖော်ဝါရီ ၂၀ မှာ ထိန်းချုပ်ရာနယ်မြေမှာ ဖွင့်လှစ်လိုက်တယ်လို့ ရှမ်းဘာသာနဲ့ သတင်းထုတ် ပြန်ပါတယ်။
လူသစ်တွေကို တိုက်ခိုက်ရေး၊ စစ်ရေးစွမ်းရည်တွေ မြင့်မားလာစေဖို့ ရည်ရွယ်တယ်လို့သင်တန်းဖွင့် အမှာစကားမှာ ပါရှိပါတယ်။
သင်တန်းကို မနေ့က မနက် ၉ နာရီမှာ ဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၇၈ ဦးတက်ရောက်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
သင်တန်းကာလ ဘယ် လောက် ဆိုတာ မဖော်ပြထားသလို သင်တန်းသားဦးရေကိုလည်း ဖော်ပြမထားပါဘူး။
SSPP ဟာ ထိန်းချုပ်နယ်မြေအတွင်းကဒေသခံတွေ ထိုင်းနိုင်ငံမသွားဖို့ တားမြစ်သလို မိုင်းရှူးကနေ ထွက်တဲ့ကားတွေကိုလည်း ခရီးသည်တင်ဆောင်ခွင့်မပေးတော့ပါဘူး။
အချို့ရွာတွေမှာ သက်ကြီးရွယ်အိုတွေကို ခေါ်ထားပြီး လူငယ်လူရွယ်တွေနဲ့လဲလှယ်မှ ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
အခုဖွင့်တဲ့သင်တန်းဟာ အဲလိုစုထားတဲ့သူတွေကို ပထမဆုံးစစ်သင်တန်းပေးတာလို့ ဒေသခံတွေက ယူဆပြောဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာပါဝင်တဲ့ SSPP ဟာ MNDAA၊ AA၊ TNLA တို့ရဲ့ ၁၀၂၇ တိုက်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အခုအခါမှာ အင်အားသစ်စုနေပြီး ဒီနှစ်ရဲ့ ပထမဆုံး သင်တန်းစပေးတာလို့ သိရပါတယ်။
MK-012