မဲခေါင်၊ ဖေဖော်ဝါရီ ၃
Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေ အားဖြည့်ဝယ်ယူလိုတဲ့ တိုက်ခန်း တည်နေရာတွေ ြဖစ်တဲ့ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တောင်ဒဂုံ တို့က တိုက်ခန်း အမျိုးအစားတွေကို သေချာပေါက် ရရှိစေဖို့ရည်ရွယ်ပြီး EOD Agents တွေဆီ စာရင်းသွင်းတာ၊ လိုအပ်တဲ့ ငွေကြေး လွှဲပြောင်းမှုတွေ ပြုလုပ်တာတွေကို ဆက်လက်ဆောင်ရွက်နိုင်ပြီလို့ ဆိုပါတယ်။
စီမံဆောင်ရွက်မှုတွေ ချောမွေ့စေဖို့နဲ့ တော်လှန်ပြည်သူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကြိုတင်စာရင်း ပေးသွင်းကြဖို့ The End of Dictatorship က တိုက်တွန်းထားပါတယ်။
အချိန်မီ စာရင်းပေးသွင်းဖို့ လိုအပ်ခဲ့တဲ့ ပြည်သူတွေအတွက် ဖြည့်စွက်ရောင်းချတာတွေ ကြိုးပမ်းလုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ခွန်အားဟာ တော်လှန်ရေးရဲ့ မဏ္ဍိုင်လို့ ခံယူထားတာကြောင့် မိမိတတ်နိုင်တဲ့ ခွန်အားတွေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းထားပါတယ်။
MK-003