မဲခေါင်၊ ဧပြီ ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲ-ဖယ်ခုံလမ်းကို စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေလို့ ပြည်သူတွေ ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ဖယ်ခုံ PDF က ဒီကနေ့ ဧပြီလ ၂၆ ရက် မနက်ပိုင်းမှာ ပြည်သူတွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေး လှုပ်ရှားမှုတွေကြောင့် မိုးဗြဲ-ဖယ်ခုံ လမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ပြီး ပြည်သူတွေ အပေါ် မလိုအပ်တဲ့ ထိခိုက်နစ်နာမှုတွေ ကြုံရမှာ စိုးရိမ်လို့ အခုလို ထုတ်ပြန်တာလို့ ဖယ်ခုံ PDF က ပြောပါတယ်။
ပြည်သူတွေ အနေနဲ့ အရေးပေါ် အကူအညီ လိုအပ်ပါက မိုးဗြဲ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ကြဖို့ ဖယ်ခုံ PDF က အသိပေးပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ပင်လောင်းဒေသ စစ်ရှောင်တွေကို ဆေးကုသ ပေးနေတဲ့ ဆောင်းဖွေးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ရှောင် ပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရပါတယ်။
MK-007