မြန်မာ့နွေဦး

အင်းလေးဒေသမှာ မိသားစု ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

မဲခေါင် 30 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစု ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ မိသားစုလိုက် ဖမ်းဆီးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစု ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ မိသားစုလိုက် ဖမ်းဆီးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ်လ ၂၈ ရက်၊ ညပိုင်းက သပြေပင်ကျေးရွာနေ ကိုအောင်မျိုးဝင်း နဲ့ မမြအေး တို့ မိသားစုကို စစ်ကောင်စီ စက်လှေ ၂ စီး၊ အင်အား ၁၀ ဦးကျော်နဲ့ လာရောက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“လာဖမ်းတဲ့ အချိန်က ညနေစာ ထမင်းစားပြီးခါစ အချိန် ဖြစ်တယ်။ ကလေး တစ်ယောက်က ရေတောင်း သောက်တယ်၊ ပေးမသောက်ဘူး။ နောက်ကလေး တစ်ယောက်က အပေါ့သွားခွင့် တောင်းတယ်။ ပေးမသွားဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သူတို့ကို စစ်ကောင်စီတပ်က အကြောင်းပြချက် မပေးဘဲ အတင်းအဓမ္မ ဖမ်းဆီးသွားတာဖြစ်ပြီး ကလေး ၂ ယောက်မှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ မိသားစုကို ဆွေမျိုးတွေက ဩဂုတ် ၂၉ ရက်မှာ ညောင်ရွှေမြို့မရဲစခန်းမှာ သွားရောက် တွေ့ဆုံရာ ကလေး ၂ ဦးကိုသာ အချုပ်မှာ တွေ့ရပြီး မိဘ ၂ ဦးနဲ့ တွေ့ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

“ရဲစခန်းရောက်တော့ ကလေး ၂ ယောက်က ဆွေမျိုးတွေကို ဖက်ပြီးငိုတယ်။ တအောင့်လောက်ရတော့ စခန်းမှူးက လာဆူ လာဆဲတော့ သူတို့လည်း ပြန်ပြေးလာရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလို ဖမ်းဆီးရာမှာ အင်းလေး ပျူစောထီးတွေ ပါဝင်တယ်လို့သိရပြီး စစ်ကောင်စီကို ပျူစောထီးတွေက လမ်းပြခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီပဲဆို ဒီလိုမျိုး လိုက်ဖမ်းဖို့ ဆိုတာ မလွယ်ပါဘူး။ ပျူစောထီးတွေက လမ်းပြတာ သတင်းပေးတာ တွေကြောင့် ဖမ်းခံလိုက်ရတာပါ။ ဘာကြောင့် ဖမ်းတာလဲ မသိပေမယ့် ပျူစောထီးတွေက မနာလိုလို့ ချောက်ချတာလည်း ဖြစ်နိုင်တယ်” လို့ အင်းလေး ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၊ အင်းလေး ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေဟာ အင်းလေး ဒေသမှာ ပြည်သူလူထုကို မတရား အနိုင်ကျင့်တာတွေ တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွားလာတယ်လို့ JMC- Innlay အဖွဲ့ ဒါရိုက်တာ မယုလှိုင်သင်းက ပြောဆိုထားပါတယ်။

CJ-002

#MeKongNews

#အင်းလေး

#ပျူစောထီး

#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now