မဲခေါင်၊ အောက်တိုဘာ ၁၀
ကချင်ပြည်နယ်၊ လိုင်ဇာက စစ်ရှောင်စခန်းတစ်ခုကို အောက်တိုဘာ ၉ ရက်နေ့ည သန်းခေါင် ၁၁ နာရီ ခွဲခန့်က စစ်ကောင်စီရဲ့ လေကြာင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည် ၂၈ ဦး သေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်ရွာရှိ ဝေကြိုင်စစ်ရှောင် စခန်းရပ်ကွက် ၆ က စစ်ဘေးရှောင် ၂၇ ဦးနဲ့ ကားဝပ်ရှော့ဆိုင် တစ်ဆိုင်က အလုပ်သမား တစ်ဦး သေဆုံးပြီး နေအိမ်တွေလည်း အတော်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ မုန်လိုင်ခက်မှာရှိတဲ့ အိမ်တွေက ရစရာ မရှိတော့ဘူး။ ပြန်ပြုပြင်ယူလို့ မရတော့ဘူး။ စစ်ရှောင်တွေနေတဲ့ အဆောင် တန်းလျားပေါ်လာကျတာ” လို့ သူက ပြောပါတယ်။
ဗုံးကျတဲ့နေရာမှာ ၁၀ ပေ နက်ပြီး ပေ ၅၀ ခန့် ကျယ်တဲ့ ချိုင့်ကြီးဖြစ်သွားပြီး တစ်မိုင်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ညပိုင်းက လေယာဉ်သံမကြားတာကြောင့် ဒရုန်းနဲ့တိုက်ခိုက်တာလို့ ယူဆတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BBC မြန်မာပိုင်းမှာ ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းတုန်းကလည်း ဖားကန့် အနန့်ပါမှာ လေယာဉ်ဗုံးကြဲခဲ့လို့ ပြည်သူအများအပြား သေဆုံးခဲ့ရသလို့ ပြည်သူတွေ ရာချီ ထိခိုက်ဒဏ်ရာရခဲ့ ပါသေးတယ်။
CJ – 008
Video – Crd
#KIA
#စစ်ကောင်စီ
#မုန်လိုင်ခက်
#လိုင်ဇာ