ဒေသတွင်းသတင်း

လားရှိုးမှာ နိုင်ငံကူးလက်မှတ် ကျပ် ၁၆သိန်းအထိဈေးပေါက်

မဲခေါင် 11 Oct - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့မှာ နိုင်ငံကူးလက်မှတ်အမြန်ရလိုသူတွေအနေနဲ့ ပြင်ပ ပေါက်ဈေး ၁၆သိန်း အထိ ပေးပြီး လုပ်နေရတယ်လို့ ကိုယ်တိုင်လုပ်ဆောင်ခဲ့သူအချို့ ကပြော ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့မှာ နိုင်ငံကူးလက်မှတ်အမြန်ရလိုသူတွေအနေနဲ့ ပြင်ပ ပေါက်ဈေး ၁၆သိန်း အထိ ပေးပြီး လုပ်နေရတယ်လို့ ကိုယ်တိုင်လုပ်ဆောင်ခဲ့သူအချို့ ကပြော ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက နိုင်ငံကူလက်မှတ်လုပ်လိုသူတွေအတွက် လားရှိုးမြို့ ရပ်ကွက် ၁မှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံမှာ ရက်ချိန်းနဲ့ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ရက်ချိန်းပေးတာမှာ အနည်းဆုံး သုံးလလောက်အထိ ကြာလေ့ရှိပြီး ပြင်ပကနေ ပွဲစားကနေ လုပ်ရင် ၁၀ ရက်နဲ့ ရတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“ရက်ချိန်းစောင့်ပြီး တိုကင်ယူတာ သုံးလလောက် စောင့်ရမယ်ပြောတယ်။ အရေးကြီးလို့ အမြန်ရချင်တယ် ဆို တော့ ၁၆သိန်းတဲ့ ၁၀ရက်နဲ့ရမယ်တဲ့။ ရုံးအရှေ့မှာ ပွဲစားတွေက တန်းစီနေတာပဲ။ ငွေမတတ်နိုင်လို့ ဆိုတော့ မရဘူး ပေါက်ဈေးပဲတဲ့။ ပွဲစားအပ်နိုင်တဲ့သူက ပိုမြန်တာပေါ့” သူက ပြောပါတယ်။

လားရှိုးနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးကနေ တစ်ရက်ကို လူဦးရေ ၁၀၀ ခွင့်ပြုတာဖြစ်ပေမယ့် လူဦးရေ ၆၀ လောက်ရောက်တာနဲ့ တုံကင် ပြည့်သွားတာမျိုးလည်း တွေ့ကြုံ ခဲ့ရဖူးတယ်လို့ ကိုယ်တိုင် သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ ကျောက်မဲမြို့ခံ တစ်ဦးက ပြောပါတယ်။

“ရုံးဖွင့်ချိန် ၈နာရီကနေ စပေးတာ ၁၀နာရီတောင် မထိုးဘူး လူ ၅၀ ၊၆၀ လောက်နဲ့လည်း ပြည့်ပြီးပြော တယ်။ ကျန်တဲ့သူတွေကို နောက်ရက်ပြန်လာတဲ့။ ပွဲစားတွေနဲ့ ချိတ်ထားတဲ့သူတွေကြတော့ အေးဆေးပဲ။ ဒီနေ့ အတွက် လူပြည့်ပြီသာ ပြောတာ ပွဲစားလက် မှာကြတော့ စာရွက်တွေ အပြည့်နဲ့။အဝေးက လာလုပ်တဲ့သူ တွေကြတော့ နစ်နာတယ်လေ။ အချိန်လည်းစောင့်ရသေးတယ်” သူက ပြောပါတယ်။

လနဲ့ချီပြီး ရက်ချိန်းပြည့်လို့ သွားလုပ်တဲ့သူတွေကိုလည်း တစ်ရက်နှစ်ရက် ပြန်ချိန်းတာမျိုး လည်းရှိတယ်လို့ ကိုယ်တိုင် လုပ်ဆောင်ခဲ့ဖူးတဲ့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။

တိုကင် ရက်ချိန်အတိုင်း လုပ်ရင် ငွေကျပ် ၈၀၀၀၀ လောက်ပဲ ကုန်ကျပေမယ့် ပြင်ပ ပွဲစားနဲ့ လုပ်တဲ့ပေါက် ဈေးက ၁၆ သိန်းအထိဖြစ်တာနေတာကြောင့် ကျန်းမာရေး၊ပညာရေးကဏ္ဍ တွေအတွက် နိုင်ငံခြားသွားဖို့လိုတဲ့ သူတွေ အခက်အခဲ ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

လက်ရှိမှာ မြန်မာ- တရုတ်နယ်စပ် ဂိတ်တွေက နိုင်ငံကူးလက်မှတ်နဲ့ ဝင်ထွက်ခွင့်ကို ပါ ခွင့်ပြုတာကြောင့် နိုင်ငံကူး လက်မှတ်လုပ်လိုသူတွေ ပိုများလာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ – 003

#MeKongNews

#နိုင်ငံကူးလက်မှတ်

#လားရှိုးမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now