မြန်မာ့နွေဦး

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရှိတဲ့ နေရာ ၂ ခုမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား

မဲခေါင် 10 Aug - 2023
မဲခေါင် ၊ ဩဂုတ် ၁၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နယ်မြေစိုးမိုးတဲ့ နေရာတွေ အတွင်း ဒီကနေ့ တစ်ရက်တည်းမှာ ပစ်ခတ် တိုက်ခိုက်မှု ၂ နေရာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင် ၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နယ်မြေစိုးမိုးတဲ့ နေရာတွေ အတွင်း ဒီကနေ့ တစ်ရက်တည်းမှာ ပစ်ခတ် တိုက်ခိုက်မှု ၂ နေရာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

လဲချားမြို့နယ်၊ ဝမ်းကန်အွန်ကျေးရွာ အနီးမှာရှိတဲ့ SSPP တပ်ဖွဲ့ရဲ့ စခန်းတစ်ခု ဒီကနေ့မနက် ၂ နာရီမှာ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရတယ်လို့ SSPP နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့မနက် ၂ နာရီစောစောစီးစီး အချိန်မှာပေါ့နော်။ RCSS အဖွဲ့က ဝမ်းကန်ရွာ ကျေးရွာနားက SSPP တပ်စခန်းကို လာချောင်းပစ်တာပေါ့။ ဝမ်းကန်အွန်ကတော့ လဲချားလမ်းမပေါ်ကနေ ဟိုင်းဆိုင်ရွာ လမ်းခွဲကနေ သွားရတဲ့ရွာပေါ့။ အဲ့ရွာနားမှာ ရှိတဲ့ SSPP စခန်းကို လာချောင်းပစ်တာပါ။ တိုက်ပွဲ အကြီးစားတော့ မဟုတ်ဘူး” လို့ သူကပြောပါတယ်။

SSPP တပ်စခန်းကို ချောင်းပစ်တဲ့ RCSS တပ်ဖွဲ့ဝင်တွေဟာ ကုန်းလိန်ကျေးရွာဘက်မှာ ခိုအောင်းနေတာဖြစ်ပြီး အဲ့ဒီကနေ လာရောက် ချောင်းမြောင်း ပစ်ခတ်တာ ဖြစ်တယ်လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

RCSS က လာရောက် ချောင်းမြောင်း ပစ်ခတ်တယ်လို့ ပြောပေမယ့် တပ်ဖွဲ့တွေရဲ့ တရားဝင် ပြောရေးဆိုခွင့် ရှိသူတွေကို ဖုန်းလက်ခံဖြေတာ မရှိတာကြောင့် မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို မသိရသေးပါဘူး။

ဒါ့အပြင် ဒီကနေ့ ဟိုပုံးမြို့နယ်မှာလည်း SSPP တပ်စခန်းရှိတဲ့ဘက်မှာ လက်နက်ကြီး ပေါက်ကွဲသံနဲ့ လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု ဝမ်းအောရွာဘက်မှာ ဒီကနေ့ မနက် ၁၁ နာရီခန့်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး SSPP နဲ့ ဘယ်အဖွဲ့ တိုက်ပွဲဖြစ်တယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့ဒီဘက်မှာ SSPP တပ်ရှိတယ်။ ပစ်တာက SSPP နဲ့ RCSS လို့လည်း ပြောကြတယ်။ RCSSက အရင်နှစ် ကတည်းက SSPP က မောင်းထုတ်ထားတာ။ အဲ့နေရာမှာ RCSS မတွေ့ရတော့ဘူး ဆိုပေမယ့် ပြောက်ကျား အနေနဲ့ ဆက်ရှိနေတာလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် မိုင်းပျဉ်းမှာက ဗမာစစ်တပ်ရှိတယ်။ အခုက ဗမာစစ်တပ်နဲ့ သူတို့ မတည့်ဘူးလို့လည်း သတင်းထွက်နေတော့ ဗမာစစ်တပ်နဲ့ ဖြစ်တာလည်း ဖြစ်နိုင်တယ် ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ်မှု ဖြစ်တာကြောင့် ဝမ်းအောရွာ အနီးမှာရှိတဲ့ တောင်ယာထဲသွားနေတဲ့ ဒေသခံ တချို့ဟာ တောင်ယာကနေ ပြန်လာကြရပါတယ်။

“တစ်ချို့ကလည်း အဲ့ဘက်မှာ ခြံတွေ သွားလုပ်တာရှိတယ်။ လက်နက်သံတွေ ကြားတော့ အဲ့ကနေ ပြန်လာကြပြီ။ သူတို့ပြောပြချက်အရဆို လက်နက်ကြီးက သုံးလေးချက် ကြားရတာပေါ့။ သူတို့ပြန်လာတဲ့ အချိန်တော့ ပစ်ခတ်သံတွေ ငြိမ်နေပြီလို့ ပြောတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်တဲ့ ဝမ်းအောကျေးရွာဟာ စစ်ကောင်စီရဲ့ ခြေလျက်တပ်ရင်း ခလရ (၂၄၉) တပ်ရှိတဲ့ မိုင်းပျဉ်းနဲ့ ၇ မိုင်ခန့် အကွာအဝေးမှာ ရှိပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် နဲ့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအွမ်ခေး တို့ကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိပါဘူး။

CJ-002

#Mekongnews

#SSPP

#RCSS

#လဲချားမြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now