မဲခေါင်၊ စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေနဲ့ ရေးဘီလူးအဖွဲ့တို့ တွေ့ဆုံခဲ့ကြတဲ့ ဓာတ်ပုံတွေကို မနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ ဒေသခံတွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချက်တွေကို တိုင်ပင်ဆွေးနွေးခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်းက စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တာတွေရှိပါတယ်။
#MeKongNews
#ရေးဘီလူး
#ဒေသခံ
#ရေး
#နယ်မြေရှင်း