မြန်မာ့နွေဦး

ရောက်ပြီးသားတပ်နေရာတွေ ရှေ့ဆက်မတိုးဖို့ စစ်ကောင်စီနဲ့ ညီနောင် ၃ဖွဲ့ ကူမင်းမှာ သဘောတူ၊ မြေပြင်မှာ တိုက်ပွဲတွေ တကယ်မရပ်

မဲခေါင် 12 Jan - 2024
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ပြုလုပ်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တွေ့ဆုံ ဆွေးနွေးပွဲမှာ ရောက်ပြီးသားတပ်နေရာတွေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ဖို့ ဆိုတဲ့ အချက်အပါအဝင် အချက်တချို့ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ပြုလုပ်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တွေ့ဆုံ ဆွေးနွေးပွဲမှာ ရောက်ပြီးသားတပ်နေရာတွေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ဖို့ ဆိုတဲ့ အချက်အပါအဝင် အချက်တချို့ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ ရက်တွေမှာပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တောင်းဆိုတဲ့ အချက်တွေကို ပယ်ဖျက်ပြီး အချက်တချို့သာ သဘောတူနိုင်ခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

“မနေ့က အဲဒီအစည်းအဝေးပြီးတယ်။ လက်မှတ်တော့ထိုးကြတယ်။ အချက်တွေအများကြီး ဖယ်ပစ်ရတယ်။ အဓိကကတော့ နစက (စစ်ကောင်စီ) က မူဆယ်လမ်းကို ဖွင့်ခိုင်းတယ်။ သူတို့အခွန်ကောက်မယ်ပေါ့။ အဲဒီအချက်ကို လုံးဝသဘောမတူဘူး။ အဲဒီတော့လမ်းကတော့ ဆက်ပိတ်မယ်ပေါ့။ နောက်တချက်က တပ်နေရာ အခုအတိုင်းရှိနေကြမယ်။ ရှေ့မတိုးဘူးပေါ့နော်။ သုံ့ပန်းလဲလှယ်ရေး ဘာမှမပါဘူး” လို့သူကပြောပါတယ်။

ရှေ့ဆက်မတိုးဘဲ အပစ်ရပ်မယ်ဆိုတဲ့ သဘောတူညီချက်မှာ ကာလသတ်မှတ်ချက်မပါသလို နောက်ထပ် သင့်တော်တဲ့ရက်မှာ ထပ်ဆွေးနွေးဖို့ ပြောကြတယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

ဒီလိုသဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် မြေပြင်မှာတော့ တကယ်တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ ပစ်ခတ်သံတွေနဲ့ လက်နက်ကြီးသံတွေကြားနေရတုန်းဘဲလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ကို ပစ်နေတုန်းပဲ။ ဘာမှ အပစ်မရပ်သွားပါဘူး” လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။

ဒီလို စာချုပ်လက်မှတ်ရေးထိုးပြီး သဘောတူတာဟာ တရုတ်ဖိအားကြောင့်သာဖြစ်ပြီး နှစ်ဖက်စလုံး အင်အားပြန်ဖြည့်ပြီး မကြာခင်ဘဲ ပြန်တိုက်ကြလိမ့်မယ်လို့ ရှမ်းပြည်အရေးလေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်ပါတယ်။

“အခုခဏနားတုန်း အင်အားပြန်ဖြည့်ကြမှာပေါ့။ စစ်ကောင်စီကတော့ လမ်းတွေပိတ်နေတော့ ရဟက်ယာဉ်နဲ့ဖြည့်ပေါ့။ ဒီအပစ်ရပ်သဘောတူညီချက်က မကြာခင်ပျက်မှာပဲ။ အရင်တုန်းကလည်း ဒီလိုပဲ” လို့သူကပြောပါတယ်။

ဆွေးနွေးပွဲအတွင်းစစ်ကောင်စီက ညီနောင်မဟာမိတ် ၃ဖွဲ့ကို လက်နက်အပ်ဖို့နဲ့ မအပ်ရင်လေကြောင်းက တိုက်ခိုက်မယ်လို့ မကြာခဏ ပြောဆိုခြိမ်းခြောက်ခဲ့တာကြောင့် တင်းမာမှုတွေလည်း ရှိခဲ့တယ် လို့ TNLA နဲ့နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ်တဦးကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်အပြီး ရှမ်းပြည်နယ်ထဲက မြို့နယ် ၁၅ မြို့ဖြစ်တဲ့ မုန်းကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပန်၊ ကွမ်းလုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေကို ညီနောင်မဟာမိတ်ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး ရှမ်းမြောက်က အဓိက မြို့ကြီးတွေဖြစ်တဲ့ လားရှိုးနဲ့ မူဆယ်တို့သာ စစ်ကောင်စီလက်ထဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

MK – 004

#MeKongNews

#Operation1027

#ရှမ်းမြောက်

#ကူမင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now