မဲခေါင်၊ ဩဂုတ် ၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် စစ်ကောင်စီတပ်နဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ တပ်က အမြောက်နဲ့ ပစ်ခတ်လို့ နမ့်အွမ်ရွာအနီး၊ လွန်ကာရွာဘက်မှာ ကျရောက် ပေါက်ကွဲရာ ညတွင်းချင်း ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ သြဂုတ်လ ၄ ရက်နေ့၊ ညပိုင်းက လုံကာရွာဘက်မှာ TNLA တွေ ရောက်နေတယ် ဆိုတဲ့ သတင်းကြားလို့ စစ်ကောင်စီက လက်နက်ကြီး ပစ်တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ဟုတ်တယ်။ ဒီဘက်လည်း ပစ်တယ်။ ခိုမုန်း ဘက်မှာလည်း ပစ်တယ်” လို့ နမ့်ဖတ်ကာ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် လွန်ကာရွာဘေးမှာ ကျရောက်ပေါက်ကွဲတာကြောင့် ရွာခံတွေ ကြောက်လန့် ထွက်ပြေးတာလို့ လွန်ကာဒေသခံ တစ်ဦးက ပြောပါတယ်။
“ လူတော့ မထိခိုက်ဘူး။ သူတို့ တစ်ရွာလုံး ထွက်ပြေးရတယ်” လို့ သူက ရှင်းပြပါတယ်။
မနေ့ည ၉ နာရီ ဝန်းကျင်ကစပြီး ၁၀ နာရီ ခွဲကျော် အထိ မူဆယ်၊ ၁၀၅ မိုင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်သံကြားနေရတယ်လို့ မူဆယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ဘယ်ဘက် ပစ်နေလဲတော့ မသိဘူး။ ညက လက်နက်ကြီး အချက်ပေါင်း မနည်းဘူး ထုနေတာ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နမ့်အွမ်ရွာအနီး တစ်၀ိုက် စစ်ကောင်စီက လက်နက်ကြီး သာမက လေကြောင်းပပါ ပစ်ခတ် တိုက်ခိုက်တာကြောင့် နမ့်အွမ်အနီး ဆိုင်းခေါင်ရွာက ပြည်သူ တစ်ဦး လက်နက်ကြီး ထိမှန် သေဆုံး ခဲ့ပါသေးတယ်။
CJ-008
#Mekongnews
#မူဆယ်မြို့နယ်
#TNLA
#လက်နက်ကြီး