မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေဖြစ်ကြတဲ့ တပ်ရင်း ၁၂၂၁ နဲ့ ၁၂၂၃ တို့က မိုးကုတ်အနောက်ပိုင်း၊ ကသဲရပ် စစ်ကောင်စီ တပ်လုံခြုံရေးချထားတဲ့ ကသဲအုပ်စု အထွေထွေအုပ်ချုပ်ရေးရုံး ဒီကနေ့ ဖေဖော်ဝါရီ ၂၃ မနက် ၅ နာရီကျော်က သွားရောက်တိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေဖက်က 79 လက်ထောက် လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၇ မိနစ်ကြာ ဖြစ်ပွါးခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိခိုက်မှု မရှိဘဲ ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီဖက်က ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့သလို အဆောက်အဦးတွေလည်းပျက်စီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ် မဲခေါင် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
MK-001