မဲခေါင်၊ နိုဝင်ဘာ ၂၉
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ နိုဝင်ဘာ ၂၅ ရက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေပြီး တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
မယ်စဲ့မြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၅၅)၊ (၆၆) ပူးပေါင်းတပ် ဖားဆောင်းမြို့နယ်ဘက် ဆုတ်ခွာစဥ် နိုဝင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကရင်နီ ပူးပေါင်းတပ်တွေ လိုက်လံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းပိုက် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်မြို့ကို လက်မလွှတ်ရဖို့ စစ်ကောင်စီက နည်းမျိုးစုံ အသုံးပြုကာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင် ကာကွယ်နေတာဖြစ်ပြီး KA ၊ KNPLF ၊ KNDF ၊ PDF ပူးပေါင်းတပ်တွေက ဖြတ်တောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိ လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး လွိုင်ကော် တက္ကသိုလ်၊ တရားရုံးနဲ့ စစ်ကောင်စီ တပ်စွဲခဲ့တဲ့ နေရာ တစ်ချို့ကို ထိန်းချုပ်နိုင်ပြီလို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
MK-007
#MeKongNews
#မယ်စဲ့မြို့နယ်
#KNDF_PDF
#တပ်မ၅၅၆၆