မြန်မာ့နွေဦး

ဖရူဆိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တောင်ယာစိုက်ပျိုးမှု ရပ်ထားရ

မဲခေါင် 30 Sep - 2023
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လေကြောင်းကပါ တိုက်ခိုက်နေလို့ တောင်ယာ စိုက်ပျိုးမှုတွေ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လေကြောင်းကပါ တိုက်ခိုက်နေလို့ တောင်ယာ စိုက်ပျိုးမှုတွေ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၈) နဲ့ ခမရ (၅၃၁) တပ်တွေက ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး နေ့စဥ် လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေကြောင်းကပါ တိုက်ခိုက်နေလို့ တောင်သူတွေ စိုးရိမ်ကြောက်လန့်ကာ တောင်ယာ မသွားရဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သွားရဲတဲ့လူတော့ မရှိသလောက်ပဲ။ တချို့ အရမ်းခက်ခဲတဲ့ လူတွေတော့ အသက်စွန့်ပြီး သွားရတာပေါ့။ သွားတဲ့ လူတွေကတော့ စိုက်ခင်းထဲမှာ လက်နက်ကြီး ကျည်ခွံတွေ တွေ့တယ်လို့ ပြောတာပဲ” လို့ ဒေသခံ တောင်သူ တစ်ဦးက ပြောပါတယ်။

လတ်တလော ဖရူဆိုမြို့နယ်ထဲကို နေ့စဥ် လက်နက်ကြီး အနည်းဆုံး ၃ ကြိမ် ပစ်ခတ်နေပြီး ၃ ရက်ခြား တစ်ခါ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက် နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရာက လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးလို့ နေရပ်ပြန်လာပြီး တောင်ယာ လုပ်ကိုင်နေရာက အခုလို ပစ်ခတ်မှုတွေကြောင့် တောင်ယာ မသွားနိုင်တော့လို့ စားဝတ်နေရေး ပိုခက်ခဲလာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူပဲ မဟုတ်ဘူး။ အိမ်မွေး တိရစ္ဆာန် အတွက်ပါ ကြောက်နေရတယ်။ လူက အသံကြားရင် ပြေးလို့ရတယ်လေ။ ကျွဲတွေ နွားတွေက သေမှာ။ အရင်ကလည်း သူတို့ ပစ်လို့ တိရစ္ဆာန်တွေ သေဖူးတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

အခုလို ပစ်ခတ်မှုတွေ သာမက ဓါတ်မြေဩဇာ ဈေးနှုန်း အဆမတန် မြင့်တက်နေတာ၊ တောင်ယာ စိုက်ခင်း အတွက် ရေရှားပါးတာ၊ လက်နက်ကြီးဒဏ်ကြောင့် ကျွဲနွားတွေ သေဆုံးတာ စတဲ့ အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် နေထိုင်ပြီး လတ်တလော တောင်ယာ စိုက်ဧက ၃၀၀ ၀န်းကျင် ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

CJ-007

#MekongNews

#ဖရူဆို

#လက်နက်ကြီး

#တောင်ယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now