မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တီးခူရွာ စာသင်ကျောင်းက ကလေးငယ်တွေကို မနေ့ စက်တင်ဘာလ ၃ ရက်နေ့က အာဟာရ ကျွေးမွေးပြီး စိတ်ဓာတ်မြှင့်တင် ပေးခဲ့တယ်လို့ Dove KK ပညာရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
အဲဒီ စာသင်ကျောင်းက ကလေးတွေကို အာဟာရ ထမင်းတနပ် ကျွေးမွေးတာ၊ သီချင်းသီဆို ကခုန်တာ၊ ဂိမ်းကစားပြီး အနိုင်ရသူကို ဆုချီးမြှင့်တာ၊ မုန့်နဲ့ ကွေကာ ကျွေးမွေးတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ ကလေးတွေက ပတ်ဝန်းကျင်နဲ့ ဝေးကွာနေတယ်လို့ ခံစားရတယ်ပေါ့နော်။ လူသိပ်မလာတဲ့ နေရာလည်းဖြစ်တော့ ပြင်ပက လူတွေရဲ့ မတူတဲ့ ရုပ်တွေရယ်၊ မတူတဲ့ အတွေ့အကြုံတွေရယ်၊ မတူတဲ့ အသံတွေကို ကြားစေချင်တာပေါ့နော်” လို့ သူကပြောပါတယ်။
တီးခူရွာ စာသင်ကျောင်းမှာ KG တန်းကနေ ၁၀ တန်းအထိ ကျောင်းသား ၉၀ ဦးကို ဆရာ ဆရာမ ၁၁ ဦးက ပညာသင်ကြား ပေးနေတယ်လို့ သိရပါတယ်။
အဲဒီရွာဟာ ဝေးလံခေါင်သီတဲ့ နေရာမှာ တည်ရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရေနဲ့ သင်ထောက်ကူ ပစ္စည်း တချို့ လိုအပ်နေတယ်လို့ ကျောင်းတာ၀န်ရှိသူတွေက ပြောပါတယ်။
CJ-004
#MeKongNews
#တီးခူရွာ
#စာသင်ကျောင်း
#Dove_KK