မဲခေါင်၊ စက်တင်ဘာ ၉
ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးဆေးရုံ အနီးက စစ်ရှောင် စခန်းကို စက်တင်ဘာလ ၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်လေယာဥ်ပေါ်က ကြဲချတဲ့ ပေါင် ၅၀၀ ဗုံးဟာ ဆောင်းဖွေးဆေးရုံနဲ့ ကိုက် ၁၀၀ အကွာ၊ စစ်ရှောင်စခန်းနဲ့ ကိုက် ၅၀ အကွာမှာ ကျရောက် ပေါက်ကွဲတာကြောင့် လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
“ ပေါင် ၅၀၀ ဗုံး၊ ကျွန်တော့်အရပ် တရပ်စာလောက် မြေကျင်း ဖြစ်သွားတယ်။ နဘေးက ကျောက်တောင်တောင် ကွဲထွက်ကုန်တယ်။ တိုက်ပွဲလည်း မရှိဘဲနဲ့ လာပစ်သွားတာ” လို့ ဒေသခံ တသ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်မှာရှိတဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ ကြောက်ရွံ့နေရပြီး စစ်လေယာဥ်တွေ ခေါက်တုံ့ ခေါက်ပြန် ပတ်ပျံလေ့ရှိတာကြောင့် ထိတ်လန့်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ဆေးရုံမှာ ဆရာဝန်၊ သူနာပြု၊ လူနာတွေ မရှိတော့ဘဲ ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#ဖယ်ခုံမြို့နယ်
#စစ်ရှောင်စခန်း
#ဗုံးကြဲ