မြန်မာ့နွေဦး

ဓနုဒေသမှာ ရက်ပိုင်းအတွင်းဖမ်းဆီးခံရသူ အရပ်သား ၂၀ ကျော်လာ

မဲခေါင် 6 Aug - 2023
မဲခေါင်၊ ဩဂုတ် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် အပါအဝင် အဲဒီမြို့နယ်တွေနဲ့ ထိစပ်တဲ့ ဒေသတွေမှာ ဇူလိုင်လ ၂၉ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အရပ်သားပေါင်း ၂၀ ကျော်အထိ ရှိပြီလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် အပါအဝင် အဲဒီမြို့နယ်တွေနဲ့ ထိစပ်တဲ့ ဒေသတွေမှာ ဇူလိုင်လ ၂၉ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အရပ်သားပေါင်း ၂၀ ကျော်အထိ ရှိပြီလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး – DPLF ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်းကစပြီး တစ်ပတ်ကျောက်အတွင်း ဆက်စပ သံသယရှိမှုတွေနဲ့ အခုလို ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ဘာမှမဆိုင်ဘူး။ နိင်ငံရေးနဲ့လည်း မပတ်သက်ဘူး။ ဖမ်းချင်လို့ကို ဖမ်းတာ။ ဖြဲခြောက်တာပေါ့” လို့ ပင်းတယမြို့၊ ရွာသစ်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ပင်းတယမြို့နယ်ထဲမှာ ဩဂုတ် ၅ ရက်နေ့က ဇော်ဂျီကျေးရွာနေ ဦးအောင်မိုး၊ ဩဂုတ်လ ၄ ရက်နေ့က ညောင်ဝိုင်းကျေးရွာနေ ဦးကျော်သိန်းနဲ့ ကိုဟန်ဝင်းသူ၊ ဇူလိုင်လ ၂၉ ရက်နေ့က ရွာသစ် ရပ်ကွက်နေ ဦးမျိုးသန့် အပါအဝင် မိသားစု ၇ ဦးနဲ့ ဈေးတန်းရပ်ကွက်က ကိုနောင်နောင် စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာပဲ ရွာငံမြို့နယ်ထဲက ပဲရင်းတောင်နဲ့ လွှစင်ကျေးရွာတို့မှာ ကိုသန်းစိုး၊ ကိုဝင်းသိန်းတို့အပြင် နောက်ထပ် အရပ်သား ၂ ဦး စုစုပေါင်း ၄ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် ဩဂုတ်လ ၁ ရက်နေ့ကလည်း ပင်းတယ – ရပ်စောက် အစပ်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာမှာ အမျိုးသမီး တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ကွင်းဆက်အနေနဲ့ ဩဂုတ် ၂ ရက်မှာပဲ သူရဲ့ မိသားစုဝင် ၄ ဦး စုစုပေါင်း ၅ ဦး ထပ်ပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

အခု ဖမ်းဆီးခံရတဲ့ အရပ်သား ၂၀ ဦးကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆို မသိရသေးသလို အဆက်အသွယ်လည်း မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ် ပူပန်နေကြပါတယ်။

ဓနုဒေသနဲ့ ထိစပ်နေတဲ့ သာစည် – ရွာငံ အစပ်၊ သာစည်မြို့နယ်၊ ကုန်းဘော်ကျေးရွာမှာလည်း ဦးဝင်းမောင် ဒေါ်မဦးတို့ ဇနီးမောင်နှံ ၂ ဦးကို မနေ့ (ဩဂုတ် ၅)ရက်နေ့က ပျူစောထီးတစ်ဦးဟာ ဓါးပြတိုက်ခဲ့ပြီး သူတို့ ၂ ဦးလုံးကို ဓါးနဲ့ ခုတ်သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

CJ – 007

#MeKongNews

#DPLF

#စစ်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now